Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းက ပြည်သူဒါဇင်နဲ့ချီ သတ်ဖြတ်ထား၊ ပျောက်ဆုံးသူတွေလည်းရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းက စဉ့်ကိုင်ကျေးရွာကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ မတ္တရာမြို့နယ် အနောက်ခြမ်းကိုပါ စစ်ကြောင်းထိုးခဲ့ပြီး အနည်းဆုံးပြည်သူ ၁၀ဦးထက်မနည်းသတ်ဖြတ်ခံရကာ ဖမ်းဆီးခံရတဲ့အထဲမှာ ပျောက်ဆုံးနေတဲ့ ပြည်သူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးနေမှုတချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

စက်တင်ဘာ-၁၆၊ ၂၀၂၅။ မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းက စဉ့်ကိုင်ကျေးရွာကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ မတ္တရာမြို့နယ် အနောက်ခြမ်းကိုပါ စစ်ကြောင်းထိုးခဲ့ပြီး အနည်းဆုံးပြည်သူ ၁၀ဦးထက်မနည်းသတ်ဖြတ်ခံရကာ ဖမ်းဆီးခံရတဲ့အထဲမှာ ပျောက်ဆုံးနေတဲ့ ပြည်သူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်ကတည်းက စစ်ကြောင်းထိုးကာ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စဉ့်ကိုင်ရွာကို အချိန်အတော်ကြာတပ်စွဲခဲ့ပြီး စက်တင်ဘာ ၁ရက်ကစတင်ကာ အနီးနားကျေးရွာတွေကို လှည့်ပတ်စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးနေမှုတချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ – စကစ

အဲဒီစစ်ကြောင်းဟာ မတ္တရာမြို့နယ်အနောက်ခြမ်း သဲကျွန်းရွာက ၄ဦး၊ ရတန်းရွာက ၃ဦး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ဝက်လက်မြို့နယ်နဲ့ မတ္တရာမြို့နယ်အစပ်ကျေးရွာတွေဖြစ်တဲ့ စဉ့်ကိုင်နဲ့ မိုးကြိုးရွာက ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ ၃၇ဦးထဲက ၃၂ ဦး လွတ်လာပေမယ့် မိုးကြိုးရွာက ၃ဦးနဲ့ စဉ့်ကိုင်ရွာက ၂ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံက ပြောပါတယ်။ မိုးကြိုးရွာက ပျောက်ဆုံးနေသူ ၃ဦးထဲက ၁ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“မိုးကြိုးက ပျောက်ဆုံး ၃ဦးထဲက ၁ဦးကတော့ သေတာ သေချာတယ်။ အဲဒီတစ်ဦးအတွက်ဆိုပြီး စစ်တပ်က သင်္ဂြိုလ်စရိတ် ၄သိန်းပေးတယ်လို့ သိရတယ်”လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မတ္တရာမြို့နယ်အနောက်ခြမ်းက မိုးကြိုးရွာကို မီးရှို့ဖျက်ဆီးသွားတာမို့ နေအိမ် ၁၃လုံး ပျက်စီးသွားခဲ့တယ်လို့လည်းသိရပါတယ်။

စဉ့်ကိုင်ရွာကို တပ်စွဲခဲ့တဲ့ စစ်ကြောင်းဟာ စစ်ကြောင်းအများကြီးခွဲကာ ကျေးရွာတွေကို ဝင်ရောက်ခဲ့တာဖြစ်ပြီး အဲဒီကျေးရွာတွေဟာ ဝက်လက်၊ စစ်ကိုင်းနဲ့ မတ္တရာမြို့နယ်အစပ်က ကျေးရွာတွေ ဖြစ်တယ်လို့သိရပါတယ်။

Wetlet Informational Networkက ထုတ်ပြန်ထားတဲ့ အချက်အလက်အရ ဇွန်လ ၁၁ ရက်ကစတင်ကာ လက်ရှိအချိန်အထိ အဲဒီစစ်ကြောင်းဟာ ပြည်သူ ၂၇ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာပေါင်း ၅ရွာထက်မနည်းကို မီးရှို့ဖျက်ဆီးထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းတွေဟာ ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ် မြောက်ခြမ်းမှာ လက်ရှိအချိန်အထိ ရှိနေဆဲဖြစ်ပြီး စစ်ကြောင်းတကြောင်းဟာ စစ်ကိုင်း-‌ရွှေဘိုလမ်းပေါ် ဆားတောင်ကျေးရွာက စစ်ကြောင်းနဲ့ ပေါင်းသွားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ရေဘေးသင့်ကျေးရွာတွေမှာ ပျက်စီးသွားတဲ့လမ်းတံတားတွေကို ပြန်ပြင်ဖို့ ကုန်ကျစရိတ်မတက်နိုင်တော့လို့ ဒေသခံတွေ သွားလာရေးအခက်အခဲတွေ့နေပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူပေးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ဒီကနေ့ (သြဂုတ် ၂၀) က ပြုလုပ်ပေးခဲ့ပါတယ်။