Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေလွတ်မြောက်ဖို့ ၊စစ်တပ် ရွေးကောက်ပွဲသပိတ်မှောက်ဖို့စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုသပိတ်မှောက်ကြောင်းနဲ့ ဖမ်းဆီးခံဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေလွတ်မြောက်စေဖို့ ဆန္ဒထုတ်ဖော်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ကသာလူထုသပိတ်

စက်တင်ဘာ၁၆၊၂၀၂၅။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုသပိတ်မှောက်ကြောင်းနဲ့ ဖမ်းဆီးခံဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေလွတ်မြောက်စေဖို့ ဆန္ဒထုတ်ဖော်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာ-အမြင့်လမ်းမှာ သပိတ်ဦးဆောင်ကော်မတီက ပြည်သူလူထုကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်နေတဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ရတဲ့နေရာ၊ ရတဲ့နည်းလမ်းနဲ့ ဆန့်ကျင်ပေးကြဖို့ နဲ့ တော်လှန်ရေးကို ရှေ့ဆက်ချီတက်ပါဝင်ကြဖို့ကို တိုက်တွန်းဆန္ဒပြခဲ့ပါတယ်။

ကသာမြိုနယ်မှာလည်း ၅/ကသာ လူထုအောင်လံသပိတ်အဖွဲ့ဝင်တွေဟာ စစ်အာဏာရှင်က မတရားဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်၊ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်တို့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။