စက်တင်ဘာ-၁၇၊၂၀၂၅။ရောင်နီ/People’s Spring
ရန်ကုန်မြို့၊လသာမြို့နယ်၌ယမန်နေ့ညပိုင်းတွင်အမျိုးသားတဦးတိုက်ပေါ်မှပြုတ်ကျခဲ့သောကြောင့် သွားရောက်ကယ်တင်ပေးခဲ့ရကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့က အသိပေးထားသည်။
စက်တင်ဘာ ၁၆ရက်ည၂နာရီခန့်တွင်မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိတိုက်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီးမြေပြင်အထိမကျပဲ ဂမုန်းပွင့်အဆောက်အဦးပေါ် ခေါင်မိုး ပေါ်သို့ ကျခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ကထုတ်ပြန်သည်။

ပြုတ်ကျသည့် အမျိုးသားသည် မစိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သောကြောင့် လသာမြို့နယ်(၂) ရပ်ကွက်၊ (၁၇)လမ်း(အထက်)၊ ပရဟိတအသင်း၏ လူနာတင်ကားဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Public Service Announcement
အဆိုပါအမျိုးသားပြုတ်ကျသည့် အဆောက်အဦးတွင် လူနေတိုက်ခန်းများမရှိပဲ ကေတီဗီများသာရှိသောကြောင့် အမူးလွန်၍ ပြုတ်ကျခြင်းဖြစ်နိုင်ကြောင်း ဒေသခံတဦးက ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍အချို့ကလည်း တိုက်ပေါ်မှ ခုန်ချခြင်းဖြစ်နိုင်သည်ဟု ပြောဆိုမှုများရှိသော်လည်း ဖြစ်စဉ်အကြောင်းအရင်းကို လူထုနွေဦးအနေဖြင့် သီးသန့် အတည်မပြုနိုင်ပေ။

















































