Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ နေ့ခင်းကြောင်တောင် ပေါ်တာဆွဲ၊ လူကြီးတွေပါ ဆွဲခံရ

စစ်ကိုင်းမြို့မှာ နေ့ခင်းကြောင်တောင် ပေါ်တာဆွဲမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး မနေ့က မြို့တွင်းမှာ ပေါ်တာဆွဲခဲ့တာကြောင့် လူငယ်တွေသာမက လူကြီးတွေပါ ပေါ်တာဆွဲခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းတက်ရောက်ဖို့ စုဆောင်းခံရသူတွေကို တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကောင်စီ

စက်တင်ဘာ-၁၇၊ ၂၀၂၅။ မေ/People’s Spring

စစ်ကိုင်းမြို့မှာ နေ့ခင်းကြောင်တောင် ပေါ်တာဆွဲမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး မနေ့က မြို့တွင်းမှာ ပေါ်တာဆွဲခဲ့တာကြောင့် လူငယ်တွေသာမက လူကြီးတွေပါ ပေါ်တာဆွဲခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၆ ရက်‌ မနေ့က နေ့လယ် ၁၂နာရီဝန်းကျင်မှာ စစ်ကိုင်းမြို့တွင်း နေရာတချို့နဲ့ ချင်းစုရပ်၊ အောင်ချမ်းသာ ဘုရားအနီးတို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“‌‌‌‌‌‌‌‌အခုတလော နေ့တိုင်းကိုဆွဲနေတာ။ မနေ့က ဆွဲတော့ အသက် ၄၀ ဝန်းကျင်တွေအထိ ဆွဲတယ်လို့ပြောတယ်။ အခုက စကစတွေ မြင်ရင် လူငယ်တွေက သိပ်အပြင်မထွက်ကြတော့ဘူးလေ။ နောက်ပြီး အခုကပျူတွေကလည်း ကြုံသလိုဆွဲတာ။ ဆွဲပြီး လူရရင် သူတို့က ပိုက်ဆံရတယ်လို့ပြောတယ်”လို့ စစ်ကိုင်းမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အရင်က စစ်ကိုင်းမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းပေါ်တာဆွဲပြီး တပ်မ- ၃၃ထဲကို ခေါ်သွားလေ့ရှိပြီး အခုနောက်ပိုင်းမှာတော့ စစ်ကိုင်းရဲစခန်း၊ မြို့ထဲက ပျူစောထီးဘုန်းကြီးရဲ့ ကျောင်းအတွင်းထဲကို ခေါ်သွားကာ ပြန်လည်ရောင်းစားလေ့ရှိတယ်လို့ မြို့ခံလူငယ်က ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က မုံရွာမြို့နဲ့ စစ်ကိုင်းမြို့တို့မှာ ပေါ်တာဆွဲမှုတွေ ပြုလုပ်နေပြီး မနေ့ကလည်း နှစ်မြို့လုံးမှာ ပေါ်တာဆွဲမှု ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။