Connect with us

Hi, what are you looking for?

သတင်း

ဒေါ်လာ ကိုးသောင်းကျော် ရရှိခဲ့တဲ့ The Distant Cafe ရဲ့ ဖျော်ဖြေပွဲ

မြန်မာပြည်က လိုအပ်တဲ့နေရာတွေကို ပြန်လည်လှူဒါန်းနိုင်ဖို့ အဆိုတော် အင်အားကောင်းကောင်းနဲ့ ပြုလုပ်ခဲ့တဲ့ The Distant Cafe ရဲ့ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ကိုးသောင်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ-၁၇၊၂၀၂၅။ဆဏ်း/People’s Spring

မြန်မာပြည်က လိုအပ်တဲ့နေရာတွေကို ပြန်လည်လှူဒါန်းနိုင်ဖို့ အဆိုတော် အင်အားကောင်းကောင်းနဲ့ ပြုလုပ်ခဲ့တဲ့ The Distant Cafe ရဲ့ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ကိုးသောင်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။

“ဒေါ်လာကိုးသောင်းထဲမှာ စီစဉ်တဲ့ စရိတ်နှုတ်ပြီး ကျန်တဲ့ဟာကိုတော့ မြေပြင်ကိုပေးမယ်” လို့ ဖျော်ဖြေပွဲမှာပါဝင်ခဲ့တဲ့ အဆိုတော် လင်းထက်က ပြောပါတယ်။

ဒီပွဲကို စက်တင်ဘာ ၁၃ ရက်က San Francisco Bay Area မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ရန်ချမ်း၊ Cobra၊ လင်းနစ်၊ လင်းထက်၊ ဒီဂျေဝိုင်း၊ M သီဟ၊ ခင်စုစုနိုင်၊ ကျော်သီဟ၊ နင်ဇီမေ၊ Mark Jason၊ Solomon မြတ်နိုးအေး ၊အိန်ဂျယ်လမုန် တို့နဲ့အတူ ဧည့်သည်အ‌ဆိုတော်တွေ အနေနဲ့ တူးတူး၊ ခါရာ၊ အေးချမ်းမေတို့က ပါဝင်ဖျော်ဖြေခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဲဒီ့နေ့က နယူးယောက်မှာ ပြုလုပ်ခဲ့တဲ့ ရောင်နီ ပွဲနဲ့လည်း အမှတ်တရ တစ်ခု လုပ်ဖြစ်ခဲ့တယ်လို့ လင်းထက်ကပြောပါတယ်

“အချိန်အားဖြင့် ဆန်ဖရန် နဲ့ နယူးယောက်က သုံးနာရီကွာတယ်။ အဲဒီကွာတဲ့ အတော အတွင်းမှာကို ဆန်ဖရန်ကနေ ဗီဒီယိုတစ်ခု ကိုလင်းတို့ပွဲကိုပို့တယ်။ ကိုလင်းတို့ ရောင်နီကလည်း ကျွန်တော်တို့ The Distant Cafe ကို ဗီဒီယိုတစ်ခုပို့တယ်။ ကျွန်တော်တို့ အားလုံး အတူတကွရှိနေကြတယ်ဆိုတာ ဆန်ဖရန် ပရိသတ်နဲ့ နယူးယောက် ပရိသတ်တွေ့ပြီး တော့ အဲဒီနေ့ ပြောကြတယ်။ လူပေါင်းထောင်နဲ့ ချီပြီးတော့ ပရိသတ်တွေ တော်လှန်ရေးအတွက် ရုန်းကန်နေတယ်ဆိုတာကိုပြနိုင်ခဲ့တယ်။” လို့ အမှတ်တရ အ‌ကြောင်းကို ပြန်ပြောပြပါတယ်။

အဲဒီလိုပြုလုပ်တာက တော်လှန်ရေးဘက်တော်သားတွေ အချင်းချင်း သွေးကွဲအောင် အွန်လိုင်းက‌နေ သွေးထိုးပေးနေပေမယ့် စည်းစည်းလုံးလုံးရှိနေတာကို ပြနိုင်ခဲ့ တာလို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကလည်း တချို့ဆိုရင် မြန်မာနိုင်ငံသား မဟုတ်ပေမယ့်လည်း မြန်မာပြည်အတွက်တောက်လျှောက်ပါဝင်ပေးနေတာကိုတွေ့ရတယ်လို့ ပြည်သူတွေရဲ့ ပါဝင်မှုအပေါ် လင်းထက်ကပြောပါတယ်။

ပြည်တွင်းမှာနေထိုင်သူတွေ အနေနဲ့လည်း ဖိနှိပ်မှုတွေများတာကြောင့် အသံတိတ်နေကြရတာဖြစ်ပြီး ပြည်ပ‌မှာနေသူတွေက အသံတိတ်နေသူတွေ အတွက်ပါ အသံထုတ်ပေးရတာဖြစ်တယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့ The Distant Cafe အနေနဲ့ အခုဆောင်ပုဒ်လေးတစ်ခုနဲ့ သွားနေတာရှိတယ်။ “နွေဦးမှာ ဝေမြဲ ဝေမယ်၊ ငါတို့ကရပ်မသွားဘူး။ ဆက်သွားဦးမှာ ” ။ ကျွန်တော်တို့က‌တော့ ဒါ ဆက်လုပ်ဦးမယ်။ ဆက်သွားရမှာပေါ့။ ” လို့ ဆိုပါတယ်။

The Distant Cafe က အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အနုပညာရှင် အစုအဖွဲ့လေးအနေနဲ့ မြန်မာပြည်ကလိုအပ်တဲ့နေရာတွေအတွက် ဖျော်ဖြေပွဲတွေ ပြုလုပ်ပြီး ရန်ပုံငွေရှာဖွေပေးနေတာပါ။

ပြီးခဲ့တဲ့ မေလ နဲ့ ဇူလိုင်မှာ ပြည်တွင်းက ငလျင်ဒဏ်သင့်ပြည်သူတွေ အတွက် ရန်ပုံငွေ ဖျော်ဖြေပွဲတွေ ပြုလုပ်ပြီး ထောက်ပံ့ပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ