Connect with us

Hi, what are you looking for?

သတင်း

မြန်မာ အပါအဝင် ၅ နိုင်ငံကို မူးယစ်ဆေး တိုက်ဖျက်ရေး ကတိပျက်ခဲ့တဲ့ နိုင်ငံတွေအဖြစ် ထရမ့်သတ်မှတ်

မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို တိုက်ဖျက်ဖို့ ပျက်ကွက်တဲ့ နိုင်ငံတွေထဲမှာ မြန်မာလည်း ပါဝင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - EPA

မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို တိုက်ဖျက်ဖို့ ပျက်ကွက်တဲ့ နိုင်ငံတွေထဲမှာ မြန်မာလည်း ပါဝင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

မြန်မာ၊ အာဖဂန် နစ္စတန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာနဲ့ ဗင်နီဇွဲလား အာဏာပိုင်တွေဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ကတိကဝတ်တွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ တစ်နှစ်တာအတွင်း သိသိသာသာ ပျက်ကွက်ခဲ့ကြတယ်လို့ ထရမ့်က ပြောပါတယ်။ အဲဒီနိုင်ငံတွေဟာ မူးယစ်ဆေးဝါး မှောင်ခိုမှု တိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီမှုတွေကို ကတိဖျက်ခဲ့တဲ့ နိုင်ငံတွေအဖြစ် ထရမ့်က သတ်မှတ်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံကို တရားဝင် ခရီးစဉ် မထွက်ခွာခင် အခုသီတင်းပတ် အစောပိုင်းမှာ ထရမ့်က မြန်မာ အပါအဝင် ၅ နိုင်ငံကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စွမ်းဆောင်ရည် အားနည်းတဲ့ စာရင်းထဲ ထည့်သွင်းသတ်မှတ်ကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ အဲဒီနိုင်ငံတွေအတွက် မူးယစ်ဆေး တိုက်ဖျက်မှု ရန်ပုံငွေ အထောက်အပံ့တွေကို အမေရိကန်က လျှော့ချလာနိုင်တယ် ဆိုတာပါပဲ။

ဗင်နီဇွဲလား မူးယစ်ဆေး မှောင်ခို လုပ်ငန်းမှာ အသုံးပြုနေတယ်လို့ စွပ်စွဲထားတဲ့ စက်လှေတွေကို ထရမ့်ရဲ့ အမိန့်နဲ့ ကာရေဘီယန် ပင်လယ်ပြင်မှာ အမေရိကန် စစ်တပ်က တိုက်ခိုက် ဖျက်ဆီးနေချိန်နဲ့ တိုက်ဆိုင်ပြီး အမေရိကန် အစိုးရရဲ့ အခု သဘောထား ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဖဂန် နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာ၊ ကိုလံဘီယာနဲ့ ဗင်နီဇွဲလားတို့ဟာ လွန်ခဲ့တဲ့ ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သဘောတူညီမှုတွေနဲ့အညီ လိုက်နာကျင့်သုံးပါ့မယ်လို့ အာမခံထားတဲ့ ကတိတွေကို ပျက်ကွက်ခဲ့တဲ့ နိုင်ငံတွေအဖြစ် သူက သတ်မှတ်လိုက်တယ်လို့ ထရမ့်က ပြောပါတယ်။

ထရမ့်ရဲ့ အစိုးရဟာ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို မူးယစ်မှောင်ခို ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်လို့ စွပ်စွဲပြီး ဆုငွေပါ ထုတ်ထားပါတယ်။ ဒါ့အပြင် ကိုလံဘီယာ သမ္မတ ဂူစတာဗို ပီထရိုကိုလည်း မူးယစ်မှောင်ခို အကြမ်းဖက် အဖွဲ့အစည်းတွေကို ထိထိရောက်ရောက် ကိုင်တွယ် ချိုးနှိမ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။