Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်စစ်​ကြောင်းကို က​လေးPDFအနီးကပ် တိုက်ခိုက်ရာစစ်ကောင်စီတပ်မှ ၅ဦးသေ

ကလေးမြို့နယ် တောင်ပိုင်း ကြံသာရွာဘက်မှ ခြေလျင် တက်လာသော အင်အား ၂၅ဦး ပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မှန်တောရွာအကျော်တွင်အနီးကပ် ခြုံခိုပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ကြောင်းကို ယနေ့ နိုဝင်ဘာ ၂၃ရက် မနက်ပိုင်းတွင် အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံးခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်သည်။

ကလေးမြို့နယ် တောင်ပိုင်း ကြံသာရွာဘက်မှ ခြေလျင် တက်လာသော အင်အား ၂၅ဦး ပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မှန်တောရွာအကျော်တွင်အနီးကပ် ခြုံခိုပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ပစ်ခတ်တိုက်ခိုက်ချိန် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီးနောက် PDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

PDF(ကလေး) တပ်ဖွဲ့များ ဘေးကင်းလုံခြုံရာသို့ ရောက်ရှိပြီးနောက် ဟံသာ၀တီ ရွာဘက်မှ စစ်ကောင် စီတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မကြာသေးမီက PDF(ကလေး) ဆေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီ လက်အောက်ခံတပ်နှင့် PDFတို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

(ဓါတ်ပုံ-က​​လေး PDF တပ်ဖွဲ့ဝင်များ)

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။