စက်တင်ဘာ-၁၉၊၂၀၂၅/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတနေရာမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း မန္တလေး PDFက ဒီကနေ့ စက်တင်ဘာ ၁၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သင်တန်းကာလအတွင်း အခြေခံ စစ်ပညာဆိုင်ရာသင်ခန်းစာများ၊ စစ်နည်းဗျူဟာ ရေးဆွဲခြင်းဆိုင်ရာ သင်ခန်းစာများ၊ စစ်သည်တော်ကျင့်ဝတ်နဲ့ စည်းကမ်းဆိုင်ရာသင်ခန်းစာများ၊ နိုင်ငံရေးအသိပညာများနဲ့ ကိုယ်ကာယကြံ့ခိုင်မှုပိုင်းဆိုင်ရာ သင်ခန်းစာများကို ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ မန္တလေး PDFက အသိပေးပါတယ်။
ယခု အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် – ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်မှ တာဝန်ရှိသူများ၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နိုင်ငံရေးမှူး၊ ဒေသတွင်း မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များဖြစ်တဲ့ မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) (TRI ဗျူဟာ)၊ PDF တပ်ရင်းအမှတ် (၅၁၃) တို့က တာဝန်ရှိသူများ၊ မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူများ၊ တော်လှန်ရေးနယ်ပယ်အသီးသီးမှ ရဲဘော်ရဲဘက်များနဲ့ ဒေသခံ ရပ်မိရပ်ဖများလည်း ပါဝင်တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်တွေကို အားပေး ဂုဏ်ပြုစကားများ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဟာ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး တာဝန်များကို ဦးလည်မသုန် ဆထက်ထမ်းပိုး ထမ်းဆောင်လျက်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ထားပါတယ်။




























































