Connect with us

Hi, what are you looking for?

News

ရေစကြို-​ချောင်းဦးလမ်းတွင်စစ်​ကောင်စီယာဥ်တန်းမိုင်းဆွဲခံရ ၁၀ဦးနှင့်အထက်သေဆုံးနိုင်ဟုထုတ်ပြန်

စစ်ကောင်စီယာဉ်တန်းသည် မကွေးတိုင်း ရေစကြိုမြို့နယ်ဘက်မှ စစ်ကိုင်းတိုင်းဘက်ခြမ်းသို့ နံနက် ၉နာရီခန့်တွင် ဆင်ဖြူရှင်တံတားကို ဖြတ်ကျော်ဝင်‌ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းမိပြီးနောက် ရမ်းသမ်းပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရေစကြို-ချောင်းဦးလမ်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ်တန်းကိုပူး​ပေါင်းအဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းဆုံး ၁၀ ဦးနှင့်အထက်သေဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၂၃ရက်၊ နံနက် ၁၀နာရီခန့်က ချောင်းဦး ဆင်ဖြူရှင် လမ်းတစ်နေရာ၌ ညီနောင်မဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးအထက် သေဆုံးနိုင်ကြောင်း၊ ကားအကြီးတစ်စီးပျက်စီးကာ ကရိန်းဖြင့်ပင်ဆွဲသွားရကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီယာဉ်တန်းသည် မကွေးတိုင်း ရေစကြိုမြို့နယ်ဘက်မှ စစ်ကိုင်းတိုင်းဘက်ခြမ်းသို့ နံနက် ၉နာရီခန့်တွင် ဆင်ဖြူရှင်တံတားကို ဖြတ်ကျော်ဝင်‌ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းမိပြီးနောက် ရမ်းသမ်းပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

အဆိုပါ ခုခံတိုက်ခိုက်မှုကို ညီနောင်မဟာမိတ်များအဖွဲ့များဖြစ်သော Chaung U People’s Defence Force – CHU PDF ၊ 27 Revolution Forces ၊ Myaung Special People’s Defense Force – MSPDF နှင့် T.G.R (Myaung) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။