Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ် ၅ဦး ​သေ​အောင်အနီးကပ်တိုက်ခိုက်ခဲ့သော က​လေးPDF ကိုပြည်သူများ​အောင်သ​ပြေဖြင့် တခဲနက်ကြိုဆို

စစ်​ကောင်စီ​၏ အဆိုပါစစ်​ကြောင်းမှာ PDFက​လေးကတိုက်ခိုက်ပြီးနာရီဝက်ခန့်အကြာတွင်ချင်း​ဒေသကာကွယ်​ရေးတပ်(က​လေး-က​ဘော်-ဂန့်​ဂေါ) CDF (KKG) တပ်ဖွဲ့ကအနီးကပ်ထပ်မံတိုက်ခိုက်၍ စစ်​ကောင်စီတပ်မှ နှစ်ဦး​သေဆုံးခဲ့ပြန်သည်။

(က​လေးPDF တပ်ဖွဲ့ဝင်များကို ​အောင်သ​ပြေဖြင့်ကြိုဆို​နေကြသူများ ။ ဓါတ်ပုံ-​ပေးပို့)

အာဏာသိမ်းစစ်​ကောင်စီတပ် စစ်​ကြောင်းကို ယ​နေ့နံနက်တွင်ခြုံခိုတိုက်ခိုက်ကာ စစ်​ကောင်စီတပ်သား ၅ ဦး​သေဆုံးခဲ့​​သောအနီးကပ်တိုက်ပွဲပြီး​နောက် ပြန်​ရောက်လာ​သော က​လေးPDF တပ်ဖွဲ့ဝင်များကို က​လေးမြို့နယ်ရှိပြည်သူများက ​​သ​ပြေပန်းများဖြင့်သောင်း​​သောင်းဖျဖျကြိုဆိုခဲ့ကြသည်။

PDF တပ်ရင်း ၇ ကိုကြိုဆိုလိုသူများပြားသည့်အတွက် လုံခြုံ​ရေးအတွက် ကင်းချ၍ပင်ကြိုခွင့်ပြုခဲ့ရ​ကြောင်းသိ့ရသည်။

ယ​နေ့နံနက်တွင်ကလေးမြို့နယ် တောင်ပိုင်း ကြံသာရွာဘက်မှ ခြေလျင် တက်လာသော အင်အား ၂၅ဦး ပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မှန်တောရွာအကျော်တွင် က​လေးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကအနီးကပ် ခြုံခိုပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး​သေဆုံးခဲ့သည်။

ပစ်ခတ်တိုက်ခိုက်ချိန် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီးနောက် PDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။PDF(ကလေး) တပ်ဖွဲ့များ ဘေးကင်းလုံခြုံရာသို့ ရောက်ရှိပြီးနောက် ဟံသာ၀တီ ရွာဘက်မှ စစ်ကောင် စီတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီ​၏ အဆိုပါစစ်​ကြောင်းမှာ PDFက​လေးကတိုက်ခိုက်ပြီးနာရီဝက်ခန့်အကြာတွင်ချင်း​ဒေသကာကွယ်​ရေးတပ်(က​လေး-က​ဘော်-ဂန့်​ဂေါ) CDF (KKG) တပ်ဖွဲ့ကအနီးကပ်ထပ်မံတိုက်ခိုက်၍ စစ်​ကောင်စီတပ်မှ နှစ်ဦး​သေဆုံးခဲ့ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook