အာဏာသိမ်းစစ်ကောင်စီတပ် စစ်ကြောင်းကို ယနေ့နံနက်တွင်ခြုံခိုတိုက်ခိုက်ကာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သောအနီးကပ်တိုက်ပွဲပြီးနောက် ပြန်ရောက်လာသော ကလေးPDF တပ်ဖွဲ့ဝင်များကို ကလေးမြို့နယ်ရှိပြည်သူများက သပြေပန်းများဖြင့်သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။

PDF တပ်ရင်း ၇ ကိုကြိုဆိုလိုသူများပြားသည့်အတွက် လုံခြုံရေးအတွက် ကင်းချ၍ပင်ကြိုခွင့်ပြုခဲ့ရကြောင်းသိ့ရသည်။
ယနေ့နံနက်တွင်ကလေးမြို့နယ် တောင်ပိုင်း ကြံသာရွာဘက်မှ ခြေလျင် တက်လာသော အင်အား ၂၅ဦး ပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မှန်တောရွာအကျော်တွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကအနီးကပ် ခြုံခိုပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့သည်။

ပစ်ခတ်တိုက်ခိုက်ချိန် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီးနောက် PDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။PDF(ကလေး) တပ်ဖွဲ့များ ဘေးကင်းလုံခြုံရာသို့ ရောက်ရှိပြီးနောက် ဟံသာ၀တီ ရွာဘက်မှ စစ်ကောင် စီတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

Public Service Announcement
စစ်ကောင်စီ၏ အဆိုပါစစ်ကြောင်းမှာ PDFကလေးကတိုက်ခိုက်ပြီးနာရီဝက်ခန့်အကြာတွင်ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ) CDF (KKG) တပ်ဖွဲ့ကအနီးကပ်ထပ်မံတိုက်ခိုက်၍ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ပြန်သည်။


















































