Connect with us

Hi, what are you looking for?

သတင်း

သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ဆိုကာ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ မန္တလေးနဲ့စစ်ကိုင်းတိုင်းဒေသခံတွေ ဆန္ဒပြ

မန္တလေးနဲ့စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ဆိုကာ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၃)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ဝက်လက်သပိတ်၊ မြင်းခြံမြို့နယ်လူထုသပိတ်

စက်တင်ဘာ-၂၃၊၂၀၂၅။ သုည/People’s Spring

မန္တလေးနဲ့စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ဆိုကာ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၃)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းက ကျေးရွာအချို့မှာ သပိတ်အင်အားစုတွေက စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ရေးအတွက် ပြည်သူလူထုနဲ့ ဆွေးနွေးခဲ့ပါတယ်။

ဒီရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် ထွက်ပေါက်မဟုတ်ဘဲ နိုင်ငံတကာကို လှည့်ဖြားဖို့ ဟန်ပြလုပ်ထားတဲ့ ထောင်ချောက်ကြီးပဲဖြစ်ကြောင်း၊ စစ်ကောင်စီ အကွက်ကျစီစဉ်ထားတဲ့ ဇာတ်ညွှန်းကို မြို့ပြကပြည်သူတွေအနေနဲ့လည်း ဘေးအကင်းဆုံး နည်းလမ်းတွေနဲ့ မပူးပေါင်းဘဲ ဖီဆန်ကြဖို့ တိုက်တွန်းလှုံ့ဆော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာလည်း ဒေသခံပြည်သူတွေ စုပေါင်းပြီး စစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ၊ “အတုအယောင်ရွေးကောက်ပွဲအလိုမရှိ”၊ “ထွက်ပေါက်မဟုတ်ဘူးထောင်ချောက်ကြီး” ဆိုတဲ့ကြွေးကြော်သံတွေနဲ့ လူထုဆန္ဒကို ထုတ်ဖော်ခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း တော်လှန်ရေးသပိတ်အင်အားစုတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အလိုမရှိကြောင်း လမ်းမပေါ်ထွက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပြည်သူ​​တွေက “အတုအယောင်ရွေးကောက်ပွဲကိုသပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ၊ “တရားမဝင်တဲ့အတုယောင်ရွေးကောက်ပွဲ_လူထုအားနဲ့တိုက်ဖျက်ကြ” ၊ “ထွက်ပေါက်မဟုတ်ဘူး_ထောက်ချောက်ကြီး” ၊ “ဖက်ဆစ် ရွေးကောက်ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းမြို့နယ် လူထုသပိတ်အင်အားစုမှလည်း အညာရွာတစ်ရွာမှာ ပြည်သူလူထုအား စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲဟာထောင်ချောက်တစ်ခုဖြစ်ကြောင်း နိုင်ငံရေးရှုအသိပညာပေးဟောပြောလှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်