Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ တားမြစ်ပြီး မလိုက်နာရင် အရေးယူမယ်လို့ ချင်းညီနောင် သတိပေး

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ကြောင်း ချင်းညီနောင်က ယနေ့ စက်တင်ဘာ ၂၅ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကြိုးပမ်းတွေကို တားမြစ်ကြောင်း ထုတ်ပြန်ပါတယ်။

ချင်းညီ နောင်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- The Chin Journal

စက်တင်ဘာ-၂၅၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ကြောင်း ချင်းညီနောင်က ယနေ့ စက်တင်ဘာ ၂၅ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကြိုးပမ်းတွေကို တားမြစ်ကြောင်း ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းနဲ့ ကျင်ဒွေးမြို့တွေကို သိမ်းပိုက်ထားတဲ့ ချင်းညီနောင်က စစ်ကောင်စီ ရွေးကောက်ပွဲ လက်မခံကြောင်း ဖော်ပြကာ ပြည်သူတွေလည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုဖို့ မေတ္တာရပ်ခံထားပါတယ်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကြောင့် အဖိနှိပ်ခံ ပြည်သူလူထုတို့ရဲ့ ဘဝဆင်းရဲဒုက္ခကို မငဲ့ဘဲ စစ်တပ်ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ကူညီဆောင်ရွက်ပေးတဲ့ ဘယ်သူ့ကို မဆို ပြတ်သားစွာ အရေးယူသွားမည်လို့ ချင်းညီနောင်က သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ ပြည်သူလူထုရဲ့ သဘောဆန္ဒမပါဘဲ တရားမဝင်ရွေးကောက်ပွဲ ဖန်တီး ပြုလုပ်ခြင်းဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ပြီး ပြည်သူလူထုရဲ့ အချုပ်အခြာ အာဏာကို အတင်းအဓမ္မ ရယူရန် ကြိုးစားနေခြင်း ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေစဉ်ကာလအတွင်း နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်ဖမ်းဆီးထားတာ၊ နိုင်ငံတစ်ဝှမ်းလုံးရှိ အရပ်သားပြည်သူတွေကို ပစ်မှတ် ထားတိုက်ခိုက်တာ၊ စစ်အုပ်ချုပ်ရေးကဲ့သို တင်းကြပ်တဲ့ ဥပဒေများ ချမှတ်ထားတာနဲ့ ပြည်သူ ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေ မပါဝင်တာ စတာတွေကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှုမရှိတဲ့ အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်ကြောင်းချင်းညီနောင်က ထုတ်ပြန်ပါတယ်။

စစ်အုပ်စုရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်တဲ့ အစိုးရဖြစ်မလာစေတဲ့အပြင်ရပဋိပက္ခကို ပိုမိုကြီးထွားစေပြီး နိုင်ငံသားတိုင်းတန်းတူမဲ ပေးပိုင်ခွင့်မရှိဘဲ နိုင်ငံရေးအရ ထွက်ပေါက်ရှာတဲ့ စစ်တပ်ရဲ့ ကြိုးပမ်းမှု၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည် ရေးအတွက် ကြိုးပမ်းမှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ချင်းညီနောင်အနေနဲ့ မြန်မာတစ်နိုင်ငံလုံးရှိ မိတ်ဖက်တော်လှန်ရေး အဖွဲအစည်းတွေနဲ့ လက်တွဲပြီး ဆန့်ကျင် သွားမယ်လို့ ထုတ်ပြန်ကာ နိုင်ငံတကာအဖွဲအစည်းတွေအနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲ အားပေး ထောက်ခံခြင်းမပြုဖို့ နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဆီယံထိပ်သီးညီလာခံကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်ရဖို့ မသေချာ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ အကျဉ်းကျခံစေဖို့ စစ်အုပ်စုကကြေညာတာ၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးတာတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်ပြီး တော်လှန်ရေးကိုဖြိုခွဲဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်က သတိပေးပြောကြားလိုက်ပြီးအချိန်မရွေး ပြန်လည်ဖမ်းဆီးတာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

သတင်း

ချင်းညီနောင်သိမ်းပိုက်ထားတဲ့ မြို့တွေကို ကာကွယ်ဖို့၊ ကျန်နေသေးတဲ့ မြို့တွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ချင်းညီနောင် စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

တော်လှန်ရေးရဲ့ လက်ရှိ အခြေအနေဟာ စိတ်ဓာတ်ကျစရာမရှိဘဲ အောင်မြင်ဖို့အတွက် အားနည်းချက်ရှာ အားသာချက်ဖြစ်အောင်လုပ်ပြီး တော်လှန်ရေးပန်းတိုင်အတွက် ဆက်လက်ကြိုးစားကြရမယ်လို့ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။