Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်နယ်မှာ ကုန်ပစ္စည်းရဖို့ တိရစ္ဆာန်၊ သစ်သီးဝလံတွေနဲ့ လဲလှယ်နေရ

ကရင်နီပြည်နယ်မှာ အသုံးလိုတဲ့ကုန်ပစ္စည်းရဖို့ တိရစ္ဆာန်နဲ့ သစ်သီးဝလံတွေနဲ့ အစားထိုးလဲလှယ်ရတဲ့ အခြေ အနေကြုံတွေ့နေရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni ကဒီကနေ့(စက်တင်ဘာ၃၀ ရက်) မှာ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ်ထဲက စစ်ရှောင်ပြည်သူတွေကို တွေ့ရစဥ်။ဓာတ်ပုံ - CTER-Karenni

စက်တင်ဘာ-၃၀၊၂၀၂၅။ဇော်ဝင်း /People’s Spring

ကရင်နီပြည်နယ်မှာ အသုံးလိုတဲ့ကုန်ပစ္စည်းရဖို့ တိရစ္ဆာန်နဲ့ သစ်သီးဝလံတွေနဲ့ အစားထိုးလဲလှယ်ရတဲ့ အခြေ အနေကြုံတွေ့နေရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni ကဒီကနေ့(စက်တင်ဘာ၃၀ ရက်) မှာ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ်အတွင်းက ပြည်သူတွေအနေနဲ့ အစားအသောက် အလွန်အကျွံချို့တဲ့တာတွေအပါအဝင် အသက်ရှင်ရုံမျှအသက်မွေးဝမ်း ကျောင်းနည်းလမ်းတွေနဲ့ ရပ်တည်နေရတယ်လို့ ဆိုပါတယ်။

ဘော်လခဲမြို့နယ်က စီးပွားရေးလမ်းကြောင်းတွေကို စစ်တပ်က ၂နှစ်ကျော်ကြာ ပိတ်ထားမှုရဲ့အကျိုးဆက်တွေ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ကုန်စည်ပြတ်လပ်မှုနဲ့ ငွေကြေးရှားပါးလာတဲ့အခြေအနေတွေက အခုနောက်ပိုင်း နေ့စဉ် အသုံးလိုတဲ့ ပစ္စည်းတွေရဖို့ ဒေသခံတွေက တိရစ္ဆာန် ဒါမှမဟုတ် သစ်သီးဝလံတွေနဲ့ လဲလှယ်နေရတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဆန် မရှိတော့လို့ ဆန်တအိတ်အတွက် ဝက်တစ်ကောင်နဲ့ လဲနေရတာမျိုး၊ဆီရဖို့ ကြက်နှစ်ကောင်သုံးကောင် နဲ့လဲနေရတဲ့အခြေအနေမျိုးတွေဖြစ်နေတာပါ။ဒီးမော့ဆို ဘက်ခြမ်းက တော့်တော့်ကို ရိက္ခာပြတ်နေကြတယ်”လို့ ကရင်နီစစ်ရှောင်အရေးကူညီနေတဲ့သူက ပြောပါတယ်။

စစ်ရှောင်ကဏ္ဍတွေမှာလည်း ဝင်ငွေမဲ့ မိသားစုတွေတိုးလာပြီး အနည်းငယ်သောလှူဒါန်းမှုတွေနဲ့ကျား ကန်နေရကာ အစားအစာချေးယူမှုကလည်း ပြန့်ပွားနေတယ်လို့ CTERက ဆိုပါတယ်။

ဒါအပြင် စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် လယ်ယာမြေမှာ စိုက်ပျိုးနိုင်တာမရှိလို့ အသက်မွေးဝမ်းကျောင်းတွေ ပိုမိုထိခိုက်နေတာလို့ သိရပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်နှစ်ခုလောက်စပြီး စစ်ရှောင်လူဦးရေများတဲ့ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်မှုဆိုးရွားစွာရင်ဆိုင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက အသိပေးပါတယ်။

“စားနပ်ရိက္ခာ အခက်အခဲရောက်တဲ့ ပုံစံက အရင်နှစ်တွေထက်ပို ဒုက္ခရောက်နေတယ်။စစ်ရှောင်ပြည် သူလူထုက ပိုတိုးလာတယ်။ဖယ်ခုံအရှေ့ခြမ်း ရော အနောက်ခြမ်းက ပြည်သူတွေပါ တိုးလာတယ်။

ဒါပေမယ့် စစ်ရှောင်ကို ကူညီနိုင်တဲ့ ကူညီနေတဲ့ အဖွဲ့တွေက အရင်လို အားမကောင်းတော့ဘူး။လျော့သွားတယ်”လို့ ကရင်နီစစ်ရှောင်အရေးကူညီနေတဲ့ Jobs For Kay​ahအဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောထားပါတယ်။

ဒါ့အပြင် ရေကြီးတာနဲ့ စစ်ကောင်စီတပ်စစ်ကြောင်းထိုး လာတာတွေကြောင့် စစ်ရှောင်တွေ စိုက်ခဲ့တဲ့ သီးနှံတွေ မရိတ်သိမ်းနိုင်တာ၊ပျက်စီးသွားတာကလည်း စားနပ်ရိက္ခာပြတ်လပ်မှု ပိုဖြစ်လာစေတယ်လို့ ဆိုပါတယ်။

“အရင်က ဒီးမော့ဆိုကနေ မော်ချီးဘက်ကိုတစ်နိုင်တစ်ပိုင် စျေးသွားရောင်းလို့ရတယ်။အခုက စစ်ဖြစ်နေတော့ သွားမရတော့ဘူး။နောက်ပြီး တခြားကုန်စည်ပို့လို့ရမယ့်လမ်းတွေပါ ပိတ်နေတော့ တော်တော်အခက်အခဲ ဖြစ်ရတယ်”လို့ ဒီးမော့ဆိုမြို့နယ်ကစစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

စစ်ရှောင်စခန်းအချို့မှာလက်ရှိအခြေအနေအရ အခက်အခဲတွေအရ ဆန်နဲ့ ဆီ လုံးဝမရှိတော့တာမျိုးတွေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ရှောင် ကလေးငယ်တွေမှာ ကူးစက်အရေးပြားရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်နေပြီး ဆေးဝါးမလုံလောက်မှုက ရောဂါထိန်းချုပ်ဖို့အခက်အခဲ ဖြစ်စေတယ်လို့ CTERက အသိပေးပါတယ်။

ရေရှည်မှာ စစ်ရှောင်ပြည်သူတွေ စိုက်ပျိုးရေး၊မွေးမြူရေး စနစ်တကျလုပ်နိုင်ဖို့ ပြည်နယ်တာဝန်ရှိသူတွေနဲ့ ပညာရှင်တွေက ရေရှည်အတွက် စဥ်စားဆောင်ရွက်ပေးဖို့လည်း ကူညီနေတဲ့အဖွဲ့ဝင်တချို့က တိုက်တွန်းထားပါတယ်။

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်(KCSN) စာရင်းတွေအရ ကရင်နီပြည်နယ်မြို့နယ် ရှစ်ခုမှာ စစ်ရှောင်ပြည်သူ နှစ်သိန်းရှစ်သောင်းကျော်ရှိပြီး ဒီးမော့ဆိုမြို့နယ်မှာ စစ်ရှောင်ပြည်သူ ရှစ်သောင်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ဒီးမော့ဆိုမြို့ကို သြဂုတ်က ထိန်းချုပ်ပြီးတဲ့နောက် ဒီးမော့ဆို- မိုးဗြဲလမ်းပိုင်း နဲ့ ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းပိုင်းတွေကိုစစ်ကြောင်းထိုးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရက် ၁၀၀ စီမံကိန်းဆိုပြီး စစ်တပ်က မြို့ကြီးတွေကဂိုဒေါင်တွေ ဝင်ရောက်စီးနင်းဖမ်းဆီးတာတွေ လုပ် နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်မှာရှိတဲ့ တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်ရဲဘော်တချို့က ပြောပါတယ်။