Connect with us

Hi, what are you looking for?

သတင်း

အင်းလေးက အထင်ကရ ဟင်္သာတိုင်ရေထဲနစ်မြုပ်၊ မိုးကြိုးပစ်လို့ အိမ်တစ်လုံးမီးလောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊အင်းလေကန်မှာ မိုးသည်းထန်စွာနေချိန်နေအိမ်တစ်လုံးမိုးကြိုးပစ်ခံရပြီးမီးလောင်ခဲ့ပါတယ်။

စက်တင်ဘာ-၃၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊အင်းလေကန်မှာ မိုးသည်းထန်စွာနေချိန်နေအိမ်တစ်လုံးမိုးကြိုးပစ်ခံရပြီးမီးလောင်ခဲ့ပါတယ်။

အင်းလေး၊သပြေပင်ကျေးရွာကနှစ်ထပ်အိမ်တစ်လုံးဟာစက်တင်ဘာလ၃၀ရက်နေ့မနက်ပိုင်းမှာ မိုးကြိုးထိမှန်ခဲ့တာပါ။

“ဟုတ်တယ်ဗျ။အိမ်တည့်တည့်ကိုမှမိုးကြိုးထိတာ။ အိမ်ရှင်တွေကတော့ တော်တော်လေးစိတ်ဓာတ်ကျတာပေါ့ဗျာ။ အကုန်ပျက်စီးတယ်လေ။ ဘာပစ္စည်းမှ ပြန်မရလိုက်ဘူး”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ၂၉ရက်ညပိုင်းကစပြီး မိုးသည်းထန်စွာရွာခဲ့ပြီး မိုးကြိုးတွေဖြစ်သလို လေပြင်းလည်းတိုက်ခတ်တယ်လို့ ဒေသခံတချို့ကပြောပါတယ်။

“အင်းလေးကဟင်္သာရုပ်လည်းလဲကျပြီး ရေတဲ့မြုပ်သွားတယ်ဗျ။ မိုးကြိုးတွေလည်းပစ်၊ လေပြင်းကလည်းတိုက်ခတ်တော့ စိုးရိမ်ကြတာပေါ့ဗျာ။ ကြောက်နေကြတာပေါ့” လို့ အခြားဒေသခံတစ်ဦးကလည်းပြောပါတယ်။

မိုးကြိုးပစ်ခံရပြီးမီးလောင်တဲ့နေအိမ်မှာစက်တင်ဘာလ၂၉ရက်နေ့ညနဲ့ ဒီနေ့မနက်ပိုင်းမှာ အိမ်ရှင်တွေမနေကြတဲ့အတွက် လူထိခိုက်မှု​တော့မရှိခဲ့ဘူးလို့သိရပါတယ်။

အင်းလေးနဲ့ ပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ရွှေညောင်နဲ့အောင်ပန်းမြို့နယ်တွေမှာလည်း စက်တင်ဘာ ၂၉ ရက်နေ့ကတည်းက မိုးနဲ့လေပြင်းတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ လေပြင်းကြောင့်ကြီးမားတဲ့ ပျက်စီးမှုတွေမရှိပေမယ့် ရေဘေးအန္တရာယ်ကိုဆက်လက် စိုးရိမ်နေရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ဒါအပြင်အင်းလေးကန်ထဲက မြေနီကုန်းကျေးရွာအနီးမှာ ဒေသခံတွေစိုက်ထူထားတဲ့ ဟင်္သာတိုင်ဟာ စက်တင်ဘာလ၂၉ရက်နေ့က လဲကျပြီးရေထဲနစ်မြုပ်သွားခဲ့တာပါ။ ဟင်္သာတိုင်လို့ခေါ်ကြတဲ့ အဲဒီဟင်္သာရုပ်ဟာ ၁၉၆၆ခုနှစ်က စိုက်ထူခဲ့တာဖြစ်ပြီး နှစ်ပေါင်း၆၀နီးပါးရှိပြီဖြစ်ပါတယ်။ ဒေသရဲ့အထင်ကရရုပ်တုတစ်ခု ရေထဲနစ်မြုပ်သွားလို့ နိမိတ်မကောင်းဘူးလို့ယုံကြည်နေသူတချို့လည်းရှိပါတယ်။

” စစ်အာဏာသိမ်းပြီးသွေးစွန်းသောလက် အတ္တမာနကြီးသူများ အသုံးချလှည့်စားမှု အကြိမ်ကြိမ်ပြုလုပ်လာမှုကို နိမိတ်အမျိုးမျိုးပြသခြင်း ၊ တဘောင်များပေါ်ခြင်း၊ ဆရာတော်များထံ သိကြားအိပ်မက်ပေးခြင်း၊ အင်းလေးဒေသတွင်ရေဘေး၊ငလျှင်ဘေး၊ လေဘေး စသည့်ကပ်ဆိုးကြီးတို့ဖြစ်ပေါ်ခဲ့တယ်”လို့ ဆရာကျော်(အင်းလေးသိဒ္ဓိ)ဆိုသူက ရေးသားထားပါတယ်။

ဒါ​ပေမယ့် ​ဒေသခံအချို့က​တော့ ဟင်္သာတိုင်ဟာ ရာသီဥတုဒဏ်​နဲ့ ငလျင်ဒဏ်ကြောင့် နစ်မြှပ်တာဖြစ်တယ်လို့လည်း​ပြောပါတယ်။

အင်းလေးဒေသဟာ ၂၀၂၄ခုနှစ် မိုးတွင်းကာလကောက် ရာဂီမုန်တိုင်းကြောင့် နေအိမ်ရာချီပျက်စီးခဲ့သလို ၂၀၂၅ မတ်လ၂၈ရက်နေ့က စစ်ကိုင်းနဲ့မန္တလေးကိုဗဟိုပြုပြီးလှုပ်သွားတဲ့ အင်အားပြင်းကလျှင်ဒဏ်ကြောင့်လည်း​ဒေသခံပြည်သူ​တွေ​သေဆုံးခဲ့သလို နေအိမ်ရာချီပျက်စီးခဲ့ပါတယ်။

လက်ရှိမှာလည်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဆက်ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်ခဲ့တဲ့ တောင်တရုတ်ပင်လယ်က တိုင်ဖွန်းမုန်တိုင်း BUALOI အရှိန်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ ကရင်နီပြည်နယ်၊ ပဲခူးတိုင်းနဲ့တနင်္သာရီတိုင်း၊ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်ထားပါတယ်။

အင်းလေးက အထင်ကရ ဟင်္သာတိုင်ရေထဲနစ်မြုပ်၊ မိုးကြိုးပစ်လို့ အိမ်တစ်လုံးမီးလောင် စက်တင်ဘာ-၃၀၊၂၀၂၅။ဇော်ရမ်း/People's Spring…

Posted by People's Spring on Tuesday 30 September 2025

ရုပ်သံ-​ဒေသခံ

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

သတင်း

ငလျင်ဒဏ်သင့်ထားတဲ့ စစ်ကိုင်းမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေကြောင်း ​ဒေသခံတွေက ပြောပါတယ်။