Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မိုးများလို့ အိုးပုတ်ပွဲက အိုးပုတ်တွေရေမြုပ်ပျက်စီး

မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေများခဲ့လို့ အိုးပုတ်ပွဲစျေး ရေမြုပ်ပြီး အိုးပုတ်ဆိုင်တချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေများခဲ့လို့ အိုးပုတ်ပွဲစျေး ရေမြုပ်ပြီး အိုးပုတ်ဆိုင်တချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

သြဂုတ် ၂၁၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေများခဲ့လို့ အိုးပုတ်ပွဲစျေး ရေမြုပ်ပြီး အိုးပုတ်ဆိုင်တချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်ရပ်မှာ ဒီကနေ့ သြဂုတ် ၂၁ ရက်မှာ ပြုလုပ်မယ့် အိုးပုတ်ပွဲအတွက် အိုးပုတ်စျေးသည်အများအပြား ယခင်ရက်ကတည်းက နေရာယူ ပြင်ဆင်ထားခဲ့ကြောင်း၊ မနေ့က သြဂုတ် ၂၀ ရက်ညမှာတော့ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် အိုးပုတ်ပွဲစျေးက စျေးဆိုင်တချို့ ရေဝင်ပြီး အိုးပုတ်တွေ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

“အိုးပုတ်ပွဲအတွက် ရှိသမျှ အကုန်ရင်းနှီးထားကြရတာ။ မိုးက တအားရွာတော့ သိမ်းချိန်မရလို့ တချို့ပျက်စီးကုန်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့မှာ မနေ့ညက ရွာသွန်းခဲ့တဲ့မိုးကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်ပွားခဲ့ပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေတွေဝင်ရောက်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ဩဂုတ် ၁၈ ရက်အထိ နိုင်ငံအထက်ပိုင်းဒေသတွေမှာ ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ဆည်တမံ/ရေလှောင်ကန်တွေကနေ ရေလွှတ်ခြင်းတွေကြောင့် လက်ရှိမှာ စစ်ကိုင်း၊ မန္တလေးနဲ့ ဧရာဝတီတိုင်းတွေက မြို့နယ်ပေါင်း ၂၃ မြို့နယ် မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲ​ဒီရေဘေးကြောင့် အိမ်ထောင်စုပေါင်း ၁၁၁,၆၇၂ စု သို့မဟုတ် လူဦးရေ ၄၇၀,၆၄၈ ဦးခန့် ထိခိုက်ခံစားနေရပြီး၊ သေဆုံးသူ ၂၈ ဦးနဲ့ ပျောက်ဆုံးသူ ၂ ဦး ရှိကြောင်း သိရပါတယ်။

ရေဘေးသင့်လူဦးရေရဲ့ ၅၀% ကျော်ဟာ စစ်ကိုင်းတိုင်းကဖြစ်ပြီး မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်တာကြောင့် မြစ်ချောင်းတွေမှာလည်း ရေမျက်နှာပြင် အမြင့်ပိုင်းမှာဆက်လက်တည်ရှိနေလို့ လက်ရှိအခြေအနေအရ ရေပြန်ကျဖို့ အချိန်တိုအတွင်း မဖြစ်နိုင်သေးကြောင်း လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ရက်ကစပြီး လျှပ်စစ်ဓာတ်အားပေးမှု ထက်ဝက် လျှော့ချလိုက်ပြီး အချိန်ပိုင်းစနစ် ပြန်ဖြစ်သွားကြောင်း လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

Trending

Facebook