အောက်တိုဘာ – ၁ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
အာဏာသိမ်းစစ်ကောင်စီ က မြင်းခြံထောင်မှာ ဖမ်းဆီးအကျဉ်းချထားတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ဟာအစာအိမ်နဲ့အူလမ်း ကြောင်းဆိုင်ရာ ဝေဒနာ ခံစားနေရတာကြောင့် မန္တလေး ဆေးရုံကြီးမှာ ကုသမှု ခံယူနေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
အသက် ၇၅ နှစ်အရွယ် ဒေါက်တာမြင့်နိုင်ဟာ မန္တလေးဆေးရုံကြီးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက် စတင်ပြီး ကုသမှုခံယူနေရတာပါ။
“ ဆေးရုံကြီး ငါးထပ်ဆောင်မှာလို့ သိရပါတယ်”လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

Public Service Announcement
နှလုံးစက်ထည့်ထားသူဖြစ်ပြီး အကျဉ်းကျနေချိန်မှာ ကျန်းမာရေးဆိုးရွားလာတာကိုပါ ကြုံနေရတယ်လို့သိရပါတယ်။
စစ်တပ်ရဲ့ တကျော့ပြန်အာဏာသိမ်းချိန်က NLD အစိုးရ ရဲ့စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၂၅ နှစ်ချပြီး မုံရွာအကျဉ်းထောင်မှာ အကျဉ်းချခဲ့တာပါ။
အဲဒီနောက် မုံရွာထောင်ကနေ မြင်းခြံထောင်ဆီ ရွေ့ခဲ့ပါတယ်။ လက်ရှိမှာတော့ မြင်းခြံထောင်ကနေ မန္တလေး ဆေးရုံကြီးဆီ ပို့ထားတယ်လို့သိရပါတယ်။ ဒေါက်တာမြင့်နိုင်ဟာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

















































