အောက်တိုဘာ-၁၊၂၀၂၅။ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှာ ဆည်ရေကျော်လို့ ပိတ်မိနေတဲ့ကားတွေ ဒီကနေ့နေ့လယ်ပိုင်းမှာ ပြန်လည်ဖြတ်သန်းခွင့်ပြုထားကြောင်း သတင်းရရှိပါတယ်။
စက်တင်ဘာ ၃၀ ရက် မနေ့က မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ မိုးများပြီး ကြက်မောက်တောင်ဆည်ရေလျှံလာလို့ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းက မိုင်တိုင်အမှတ် (၅၁/၄-၇)၊ ကိုင်းကျေးရွာအနီးမှာ ရေကျော်ခဲ့ပြီး ကားအစီးရေ ရာချီ ပိတ်မိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်းမှာတော့ ရေအနည်းငယ်ကျဆင်းလာလို့ ကားတွေစတင်ဖြတ်သန်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“လက်ရှိအနေထားတော့ ယာဉ်တွေကို တစ်ဘက်စီ ထိန်းပြီးလွှတ်နေပါတယ်။ ကားလေးပါကူးရပါပြီ။”လို့ ဒေသခံတဦးက ပြောပါတယ်။
မိတ္ထီလာ-ကျောက်ပန်းတောင်လမ်းဟာ မြင်းခြံ၊ ပုဂံညောင်ဦးဒေသက ခရီးသွား ပြည်သူတွေပါ အားထားနေရတဲ့ လမ်းပိုင်းတခုဖြစ်ပါတယ်။စက်တင်ဘာ ၂၈ ရက်နေ့မနက်ပိုင်းကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မယ်ဇလီပင်ကျေးရွာမှာ ယင်းချောင်းရေလျှံပြီး အိမ်နှစ်လုံး ရေထဲမျောပါကာ မိသားစုဝင် ၇ ဦး သေဆုံးခဲ့ပါတယ်။
ယခုရက်ပိုင်းအတွင်း မြန်မာပြည်အထက်ပိုင်းမှာ မိုးကြီးနေလို့မကွေးတိုင်း၊ရေနံချောင်း၊နတ်မောက်၊ ရှမ်းပြည်နယ်၊တာချီလိတ်၊ လင်းခေး၊မောက်မယ်၊ စတဲ့ဒေသတွေက အိမ်ခြေထောင်ချီ ရေဘေးသင့်နေပါတယ်။




















































