Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ် ညောင်ပင်ရွာ မီးတင်ရှို့ခံရ

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်ထဲက ညောင်ပင်ရွာကို စစ်ကောင်စီတပ်နဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်း ဝင်ရောက်လာပြီး မနေ့ ( အောက်တိုဘာ ၃ ရက် ) အထိ သုံးရက်ကြာ မီးရှိို့ ဖျက်ဆီးခဲ့တယ်လို့ ရွာခံဆီကသိရပါတယ်။

မြင်းခြံနယ်မှာစစ်ကောင်စီတပ်နဲ့ပူးပေါင်းစစ်ကြောင်းထိုးနေတဲ့ပြည်သူ့စစ် ခေါ် ပျုစောထီးအဖွဲ့

အောက်တိုဘာ – ၄ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်ထဲက ညောင်ပင်ရွာကို စစ်ကောင်စီတပ်နဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်း ဝင်ရောက်လာပြီး မနေ့ ( အောက်တိုဘာ ၃ ရက် ) အထိ သုံးရက်ကြာ မီးရှိို့ ဖျက်ဆီးခဲ့တယ်လို့ ရွာခံဆီကသိရပါတယ်။

စက်တင်ဘာလ ၂၅ ရက်ကစတင်ပြီး အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ ညောင်ပင်ရွာဘက်ဆီ စစ်ကြောင်းထိုးရာမှာ ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေနဲ့ ငါးရက်ကြာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

လက်နက်ခဲယမ်းပြတ်လပ်မှုကြောင့်တော်လှန်ရေးအဖွဲ့တွေ နောက်ဆုတ်ပေးခဲ့ရပြီး ရွာထဲကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ကာ မီးတင်ရှို့ခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“တစ်ရွာလုံးကုန်သလောက်နီးပါးဖြစ်ကုန်ပြီ၊ မီးမလောင်နိုင်တဲ့ တိုက်တွေကို ဘူဒိုဇာတွေနဲ့ဖြိုချနေတာ”လို့ ညောင်ပင်ရွာခံ တစ်ဦးကပြောပါတယ်။

နေအိမ်တွေက ပစ္စည်းတွေကိုဖောက်ထွင်းယူဆောင်ပြီး အိမ်ကိုတော့ မီးရှို့ ပစ်ခဲ့တာလို့ အဲဒီ ရွာခံ က ဆိုပါတယ်။ ရွာထဲကိုပြန်ဝင်မရသေးတာကြောင့် မီးရှို့ခံရတဲ့အိမ််ခြေအတိအကျကိုတော့ မသိရသေးပါဘူး။

ညောင်ပင်ရွာက မြင်းခြံမြို့ပေါ်နဲ့ လေးမိုင်ခန့်သာဝေးပြီး အိမ်ခြေ ၆၀၀ခန့်ရှိပါတယ်။ အခုတော့ ရွာခံတွေ ဟာ လွတ်ရာကိုတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook