Connect with us

Hi, what are you looking for?

News

တရားမဝင်မြန်မာလုပ်သား ၂၀၀ နီးပါး တစ်​နေရာထဲမှာတင်အစုလိုက် ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ဖမ်းဆီး

ဖမ်းဆီးရမိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး ၇၃ ဦးကို ထိုင်းလုံခြုံရေးအဖွဲ့က ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးပေးနေပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား အယောက် ၂၀၀ နီးပါးကို နယ်စပ်တစ်နေရာမှာ ထိုင်းလုံခြုံရေးအဖွဲ့က ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

နိုဝင်ဘာ ၂၄ ရက်ည ၁၁ နာရီခွဲအချိန်က ထိုင်း-မြန်မာနယ်စပ်အနီး မြဝတီမြို့နယ် ကျောက်ခက်ရွာကနေတစ်ဆင့် တာ့ခရိုင်၊ ဖုတ်ဖရမြို့နယ်ထဲကို တရားမဝင်ရောက်ရှိလာတဲ့ မြန်မာလုပ်သား ၁၈၄ ဦးကို ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး ၇၃ ဦးကို ထိုင်းလုံခြုံရေးအဖွဲ့က ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးပေးနေပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းမှာတရားဝင် နိုင်ငံခြားသားအလုပ်သမား ၄.၂ သန်းကျော်ရှိပြီး မြန်မာနိုင်ငံသားက ၃.၃၃ သန်းကျော်ရှိ​​

သတင်း

မြန်မာဖက်ခြမ်းနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာမြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်းရဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကိုတော့ကောင်းကောင်းထိန်းချုပ်ထားနိုင်ကြောင်း ထိုင်းတော်ဝင်ကြည်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

မြန်မာနဲ့ နယ်စပ်နားမှာ မသင်္ကာစရာ လေယာဉ်တစ်စီး ချဉ်းကပ်လာမှုကြောင့် F-16 တိုက်လေယာဉ်တွေကို အရေးပေါ် ပျံတက်စေခဲ့ကြောင်း တော်ဝင်ထိုင်းလေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က UN ရုံးရှေ့မှာ မြန်မာလုပ်သားအ​ရေးဆန္ဒပြပွဲကိုလာ​​ရောက်​နှောက်ယှက်ပြီး အကြမ်းဖက်ထိုးကြိတ်ခဲ့တဲ့ ထိုင်းအမျိုးသားရေးသမားဆိုသူ​တွေကို ထိုင်းရဲတပ်ဖွဲ့ထံ သွားရောက်အမှုဖွင့်တိုင်ကြားရာ ရဲတပ်ဖွဲ့ကအမှုကို လက်ခံလိုက်တယ်လို့ ကျူးလွန်ခံရသူ Bright Future က ဆူရတ်ဂ်ျဂီရီက လူထုနွေဦးကို ပြောပါတယ်။