Connect with us

Hi, what are you looking for?

သတင်း

မီးပုံးပျံတွေ​ကြောင့် အလုပ်များခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်​တွေ

မန္တလေးမြို့မှာ သီတင်းကျွတ်လပြည့်ညက မီးပုံးပျံတွေ ပျက်ကျပြီးမီးလောင်မှုတွေဖြစ်ခဲ့ပြီးတဲ့​နောက် လပြည့်ကျော် ၁ ရက်(အောက်တိုဘာ ၇) မှာတော့ မီးပုံးပျံ ပြုတ်ကျတာတွေကို စောင့်ကြည့် ပြီးမီးငြှိမ်းသတ်တာတွေ လုပ်ခဲ့တယ်လို့ အောင်မြေသာစံမြို့နယ် သီရိမာလာအရှေ့ အရန်မီးသတ်တပ်ဖွဲ့က အသိပေးလာပါတယ်။

Screenshot

အောက်တိုဘာ-၈၊၂၀၂၅။တေဇ/People’s Spring

မန္တလေးမြို့မှာ သီတင်းကျွတ်လပြည့်ညက မီးပုံးပျံတွေ ပျက်ကျပြီးမီးလောင်မှုတွေဖြစ်ခဲ့ပြီးတဲ့​နောက် လပြည့်ကျော် ၁ ရက်(အောက်တိုဘာ ၇) မှာတော့ မီးပုံးပျံ ပြုတ်ကျတာတွေကို စောင့်ကြည့် ပြီးမီးငြှိမ်းသတ်တာတွေ လုပ်ခဲ့တယ်လို့ အောင်မြေသာစံမြို့နယ် သီရိမာလာအရှေ့ အရန်မီးသတ်တပ်ဖွဲ့က အသိပေးလာပါတယ်။

“မီးပုံပျံများနှင့် ကျနော်တို့ရဲ့ဒုက္ခ” ဆိုတဲ့ ခေါင်းစဉ်နဲ့ လပြည့်ညရော လပြည့်ကျော်တစ်ရက်ည တွေမှာ မီးသတ်တပ်ဖွဲ့ဝင်တွေ အင်အားဖြည့်ပြီး တာဝန်ကျရဲဘော်တွေကမီးပုံးပျံတွေရဲ့ အခြေအနေကိုစောင့်ကြည့်ခဲ့ရတယ်လို့ဆိုပါတယ်။

“မီးစာတန်းလန်းနှင့် နိမ့်၍ ကျဆင်းလာသည်နှင့် ချက်ချင်းထွက်၍ငြိမ်းသတ်နိုင်အောင်ပြင်ဆင်ထားရှိသလို ရပ်အကွက်အတွင်းကျရောက်ခဲ့သည့် မီးစာအပြည့်နှင့် မီးပုံပျံများကိုလဲ မီးလောင်မှုမကြီးထွားစေရန်လဲ စောလျင်စွာငြိမ်းသတ်ပေးနိုင်ခဲ့ပါတယ် ” လို့ သီရိမာလာအရှေ့ အရန်မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်နေတဲ့ ဗီဒီယို‌ဖိုင်နဲ့အတူ​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဗီဒီယိုဖိုင်က အောက်တိုဘာ ၇ ရက်ညမှာ သုံးကြိမ်မြောက် မီးငြှိမ်းသတ်ရတဲ့ မီးပုံးပျံလို့ အသိပေးထားပါတယ် ။ နှစ်ရက်ပေါင်း မီးငြှိမ်းသတ်ရတဲ့ မီးပုံးပျံ အရေအတွေ အရေအတွက်ကို‌အထက်ပါအရံမီးသတ်တပ်ဖွဲ့ကို အွန်လိုင်းကဆက်သွယ် မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။

​သီတင်းကျွတ် လပြည့်ညမှာ မီးပုံပျံပျက်ကျပြီး​နေအိမ်မီး​လောင်မှု​တွေဖြစ်ခဲ့တာ​ကြောင့် ​​ဒေသခံ​တွေဟာ ​နောက်ရက်​တွေမှာမီးပုံပျံပြုတ်ကျအိမ်မီး​လောင်မှာစိုးလိူ့ အချိန်ရတိုင်း ​ကောင်ကင်​မော့ကြည့်ပြီးကင်း​စောင့်​နေရတယ်လို့​ပြောပါတယ်။

“ကျမတို့လဲ မီးပုံးပျံကင်းစောင့်နေကြရပါတယ်”လို့ ​ဒေသခံ တဦးကမီးသတ်တပ်ဖွဲ့ရဲ့ပိုစ်​အောက်မှာ မှတ်ချက်​ရေးပါတယ်။

မီးပုံပျံ​တွေကို ​နေရာ ကန့်သတ်လွှတ်ခိုင်းတာမျိုးမလုပ်ပဲ မြို့အတွင်း လွှတ်ခွင့်​​ပေးတဲ့အ​ပေါ် စစ်​​ကောင်စီကို ပြည်သူ့အချို့က​ဝေဖန်​ကြပါတယ်။

မန္တလေးမြို့မှာ အောက်တိုဘာ ၆ ရက်ညက မီးပုံးပျံ ပြုတ်ကျတာကြောင့် ​နေအိမ် မီးလောင်မှု နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ပထမတစ်အိမ်ကတော့ ငလျင်ကြောင့် ပြင်ဆင်နေတဲ့ အိမ်ဖြစ်ပြီး အချိန်မီမီးသတ်နိုင်ခဲ့ပါတယ်။

နောက်တစ်အိမ်ကတော့ အိမ်ခေါင်မိုးပေါ်က ဆိုလာပြားပေါ်ကိုကျပြီး မီးလောင်မှုဖြစ်ခဲ့တာပါ။ မီးလောင်ချိန်မှာ အိမ်ရှင်တွေလည်း ခရီးသွားနေတာကြောင့် အိမ်မှာလူမရှိဘူးလို့ သိရပြီး မီးသတ်တပ်ဖွဲ့ကလည်း Level 2 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေနဲ့ မီးငြှိမ်းခဲ့ရပါတယ်။

မီးပုံးပျံတွေ​ကြောင့် အလုပ်များခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်​တွေ အောက်တိုဘာ-၈၊၂၀၂၅။တေဇ/People's Spring မန္တလေးမြို့မှာ…

Posted by People's Spring on Wednesday 8 October 2025

ရုပ်သံ-East Malar Volunteer Fire Bridge

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။