အောက်တိုဘာ-၈၊၂၀၂၅။တေဇ/People’s Spring
မန္တလေးမြို့မှာ သီတင်းကျွတ်လပြည့်ညက မီးပုံးပျံတွေ ပျက်ကျပြီးမီးလောင်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက် လပြည့်ကျော် ၁ ရက်(အောက်တိုဘာ ၇) မှာတော့ မီးပုံးပျံ ပြုတ်ကျတာတွေကို စောင့်ကြည့် ပြီးမီးငြှိမ်းသတ်တာတွေ လုပ်ခဲ့တယ်လို့ အောင်မြေသာစံမြို့နယ် သီရိမာလာအရှေ့ အရန်မီးသတ်တပ်ဖွဲ့က အသိပေးလာပါတယ်။
“ မီးပုံပျံများနှင့် ကျနော်တို့ရဲ့ဒုက္ခ” ဆိုတဲ့ ခေါင်းစဉ်နဲ့ လပြည့်ညရော လပြည့်ကျော်တစ်ရက်ည တွေမှာ မီးသတ်တပ်ဖွဲ့ဝင်တွေ အင်အားဖြည့်ပြီး တာဝန်ကျရဲဘော်တွေကမီးပုံးပျံတွေရဲ့ အခြေအနေကိုစောင့်ကြည့်ခဲ့ရတယ်လို့ဆိုပါတယ်။
“ မီးစာတန်းလန်းနှင့် နိမ့်၍ ကျဆင်းလာသည်နှင့် ချက်ချင်းထွက်၍ငြိမ်းသတ်နိုင်အောင်ပြင်ဆင်ထားရှိသလို ရပ်အကွက်အတွင်းကျရောက်ခဲ့သည့် မီးစာအပြည့်နှင့် မီးပုံပျံများကိုလဲ မီးလောင်မှုမကြီးထွားစေရန်လဲ စောလျင်စွာငြိမ်းသတ်ပေးနိုင်ခဲ့ပါတယ် ” လို့ သီရိမာလာအရှေ့ အရန်မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်နေတဲ့ ဗီဒီယိုဖိုင်နဲ့အတူဖော်ပြထားပါတယ်။

Public Service Announcement
ဗီဒီယိုဖိုင်က အောက်တိုဘာ ၇ ရက်ညမှာ သုံးကြိမ်မြောက် မီးငြှိမ်းသတ်ရတဲ့ မီးပုံးပျံလို့ အသိပေးထားပါတယ် ။ နှစ်ရက်ပေါင်း မီးငြှိမ်းသတ်ရတဲ့ မီးပုံးပျံ အရေအတွေ အရေအတွက်ကိုအထက်ပါအရံမီးသတ်တပ်ဖွဲ့ကို အွန်လိုင်းကဆက်သွယ် မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။
သီတင်းကျွတ် လပြည့်ညမှာ မီးပုံပျံပျက်ကျပြီးနေအိမ်မီးလောင်မှုတွေဖြစ်ခဲ့တာကြောင့် ဒေသခံတွေဟာ နောက်ရက်တွေမှာမီးပုံပျံပြုတ်ကျအိမ်မီးလောင်မှာစိုးလိူ့ အချိန်ရတိုင်း ကောင်ကင်မော့ကြည့်ပြီးကင်းစောင့်နေရတယ်လို့ပြောပါတယ်။
“ ကျမတို့လဲ မီးပုံးပျံကင်းစောင့်နေကြရပါတယ်” လို့ ဒေသခံ တဦးကမီးသတ်တပ်ဖွဲ့ရဲ့ပိုစ်အောက်မှာ မှတ်ချက်ရေးပါတယ်။
မီးပုံပျံတွေကို နေရာ ကန့်သတ်လွှတ်ခိုင်းတာမျိုးမလုပ်ပဲ မြို့အတွင်း လွှတ်ခွင့်ပေးတဲ့အပေါ် စစ်ကောင်စီကို ပြည်သူ့အချို့ကဝေဖန်ကြပါတယ်။
မန္တလေးမြို့မှာ အောက်တိုဘာ ၆ ရက်ညက မီးပုံးပျံ ပြုတ်ကျတာကြောင့် နေအိမ် မီးလောင်မှု နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ပထမတစ်အိမ်ကတော့ ငလျင်ကြောင့် ပြင်ဆင်နေတဲ့ အိမ်ဖြစ်ပြီး အချိန်မီမီးသတ်နိုင်ခဲ့ပါတယ်။
နောက်တစ်အိမ်ကတော့ အိမ်ခေါင်မိုးပေါ်က ဆိုလာပြားပေါ်ကိုကျပြီး မီးလောင်မှုဖြစ်ခဲ့တာပါ။ မီးလောင်ချိန်မှာ အိမ်ရှင်တွေလည်း ခရီးသွားနေတာကြောင့် အိမ်မှာလူမရှိဘူးလို့ သိရပြီး မီးသတ်တပ်ဖွဲ့ကလည်း Level 2 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေနဲ့ မီးငြှိမ်းခဲ့ရပါတယ်။
မီးပုံးပျံတွေကြောင့် အလုပ်များခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ အောက်တိုဘာ-၈၊၂၀၂၅။တေဇ/People's Spring မန္တလေးမြို့မှာ…
Posted by People's Spring on Wednesday 8 October 2025
ရုပ်သံ-East Malar Volunteer Fire Bridge
















































