Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖွံ့ဖြိုးမှု နောက်ကျတဲ့ နိုင်ငံတွေ စာရင်းကနေ ရုန်းထွက်လာတော့မယ့် ဘင်္ဂလားဒေ့ရှ်

ကုလသမဂ္ဂရဲ့ သတ်မှတ် စံနှုန်းတွေအရ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ စာရင်းမှာ ပါဝင်လာဖို့ဆိုရင် နိုင်ငံသားတွေရဲ့ တစ်နှစ် ပျမ်းမျှ ဝင်ငွေက အနိမ့်ဆုံး ဒေါ်လာ ၁၂၃၀ ရှိဖို့ လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံသားတွေရဲ့ ပျမ်းမျှဝင်ငွေက ၂၅၅၄ ဒေါ်လာထိ ရှိနေကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် အပါအဝင် အာရှ ၃ နိုင်ငံကို ဖွံ့ဖြိုးမှု နောက်ကျကျန်နေတဲ့ နိုင်ငံတွေ စာရင်းကနေ ဖယ်ရှားပေးဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA)က သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။

ဖွံ့ဖြိုးမှု နောက်ကျ ကျန်နေတဲ့ နိုင်ငံတွေ စာရင်းကနေ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ စာရင်းဆီ ကူးပြောင်းပေးဖို့ ပုံမှန်ဆိုရင် ၃ နှစ် ပြင်ဆင်ချိန် ပေးလေ့ ရှိပေမယ့် ဘင်္ဂလားဒေ့ရှ်ကိုတော့ ၅ နှစ် အချိန်ပေးဖို့ UNGAက လက်ခံပေးခဲ့ပါတယ်။ သတ်မှတ် စံနှုန်းတွေနဲ့ ကိုက်ညီသွားပြီဆိုရင် ဘင်္ဂလားဒေ့ရှ်ဟာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အစုအဖွဲ့မှာ ပါဝင်လာတော့မှာပါ။

ဘင်္ဂလားဒေ့ရှ်နဲ့ အလားတူ အခွင့်အရေးမျိုး ရရှိတဲ့ တခြား နှစ်နိုင်ငံကတော့ လာအိုနဲ့ နီပေါတို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီ ၃ နိုင်ငံကို ကောင်းကောင်း ပြင်ဆင်ခွင့် ပေးဖို့အတွက် စံသတ်မှတ် ကာလ ၃ နှစ်အစား ခြွင်းချက်အဖြစ် ၅ နှစ် သတ်မှတ်ပေးလိုက်ကြောင်း ဖော်ပြထားပါတယ်။ ဒါဟာ ကိုဗစ် ကပ်ရောဂါ ကာလအလွန် ပြန်လည် ထူထောင်ရေး မူဝါဒတွေ၊ မဟာဗျူဟာတွေကို ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်အောင် စီစဉ်ပေးလိုက်တာလည်း ဖြစ်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

လတ်တလောမှာတော့ ကုလသမဂ္ဂက ဖွံ့ဖြိုးမှု နောက်ကျကြောင်း သတ်မှတ်ထားတဲ့ စာရင်းမှာ မြန်မာ အပါအဝင် နိုင်ငံပေါင်း ၄၆ ခု ရှိနေပါတယ်။ ကုလသမဂ္ဂရဲ့ ဖွံဖြိုးမှု ကော်မတီက ဘင်္ဂလားဒေ့ရှ်ကို ဖွံ့ဖြိုးဆဲ နိုင်ငံတွေ စာရင်းထဲ ပြောင်းလဲ သတ်မှတ်ဖို့ အခုနှစ် ဖေဖော်ဝါရီလမှာ စတင် ထောက်ခံခဲ့ပါတယ်။ အဲဒီအချိန် အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ စစ်တပ်က အာဏာသိမ်းလိုက်လို့ အရာရာ ဆုတ်ယုတ် ပျက်သုဉ်းမှုတွေ စတင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂရဲ့ သတ်မှတ် စံနှုန်းတွေအရ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ စာရင်းမှာ ပါဝင်လာဖို့ဆိုရင် နိုင်ငံသားတွေရဲ့ တစ်နှစ် ပျမ်းမျှ ဝင်ငွေက အနိမ့်ဆုံး ဒေါ်လာ ၁၂၃၀ ရှိဖို့ လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံသားတွေရဲ့ ပျမ်းမျှဝင်ငွေက ၂၅၅၄ ဒေါ်လာထိ ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်ကနေ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းကျော်ကြောင့် သူ့နိုင်ငံက ဖိစီးမှုတွေ အကြီးအကျယ် ကြုံတွေ့နေကြောင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။

Facebook