Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်က စစ်ကောင်စီတပ်စွဲရာ နေရာ ၂ခုကို KIA ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်ရာ နေရာ ၂ခုကို အောက်တိုဘာ ၁၀ရက်မနက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

KIA၊KPDFက ရဲဘော်တွေကို တွေ့ရစဉ်။ဓာတ်ပုံ - CJ

အောက်တိုဘာ-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်ရာ နေရာ ၂ခုကို အောက်တိုဘာ ၁၀ရက်မနက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဗန်းမော်မြို့ အထက (၁)အနီး စစ်ကောင်စီတပ် အခြေပြု နေရာ ၃နေရာကို ရှင်လင်းသိမ်းပိုက်နိုင်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက လူမှုကွန်ရက်မှာ ရေးသားထားတာနဲ့ပတ်သက်ပြီး KIAနဲ့ ဒေသစစ်ရေးသတင်းရင်းမြစ်အချို့ကို မေးမြန်းရာ ၂ခုကို သိမ်းပိုက်ထားနိုင်တယ်လို့ အတည် ပြုပါတယ်။

“မနေ့ကနဲ့ ဆို ၅နေရာသိမ်းနိုင်တာဟုတ်တယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

KIA ပူးပေါင်းတပ်ဟာ မနေ့က အောက်တိုဘာ ၉ရက်က ဗန်းမော် ၃မိုင်ဘက်က စစ်ကောင်စီ နေရာ ၃ခုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလမှာ ဗန်းမော်တိုက်ပွဲတွေ ပြင်းထန်နေပြီးစစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အပါအဝင် ၃၀ဦးကျော် သေဆုံးမှုရှိခဲ့တယ်လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

KIA သတင်းပြန်ကြားရေးဌာနက ဗန်းမော်မှာတိုက်ပွဲတွေ ပြင်းထန်နေတာကို သတင်းထုတ်ပြန်အသိပေးထားပါတယ်။

စစ်ကောင်စီတပ်စွဲရာနေရာတွေ သိမ်းပိုက်နိုင်တာနဲ့ပတ်သက်ပြီးမေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကိုဆက်သွယ်ထားဆဲဖြစ်ပါတယ်။

KIA ဟာ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာက စတင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်စခန်း၊ တပ်ရင်းဌာနချုပ်တွေ သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီကလည်း အခုနှစ် ဩဂုတ်မှာစစ်အင်အားတွေ ရေကြောင်းက ဖြည့်တင်းပြီး တန်ပြန်ထိုးစစ်ဆင်လာလို့ KIA သိမ်းထားတဲ့ နေရာအချို့ ပြန်လည်လက်လွှတ်ခဲ့ရတဲ့ အခြေအနေမှာ အပြန်အလှန် ထိုးစစ်ဆင်မှုတွေ ရှိနေပြီး တိုက်ပွဲတွေ ပြင်းထန်ကာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေ ကာကင်းစခန်းတွေ ပြန်လည်လက်လွှတ်ဆုံးရှုံးနေရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။