Connect with us

Hi, what are you looking for?

သတင်း

နတ်​ရေကန်ဗျူဟာက စစ်သား​တွေစထွက်​ပြေး၊တော်လှန်​ရေးတပ်​တွေအပြီးသတ်ထိုးစစ်ဆင်

အာရက္ခတပ်​တော်(AA) နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်နေတဲ့ နတ်ရေကန်ဗျူဟာထဲက စစ်ကောင်စီတပ်တွေဆုတ်ခွာထွက်ပြေး​​နေပြီးတော်လှန်​ရေးတပ်​တွေကအပြီးသတ်ထိုးသစ်ဆင်​နေပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

Screenshot

​အောက်တိုဘာ-၁၁၊၂၀၂၅။လူအေး/People’s Spring

အာရက္ခတပ်​တော်(AA) နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်နေတဲ့ နတ်ရေကန်ဗျူဟာထဲက စစ်ကောင်စီတပ်တွေဆုတ်ခွာထွက်ပြေး​​နေပြီးတော်လှန်​ရေးတပ်​တွေကအပြီးသတ်ထိုးသစ်ဆင်​နေပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

“ဗျူဟာထဲက ကောင်တွေ ထွက်ပြေးကုန်ပြီး ကျသွားပြီလို့ဖရဲသီးအကြီးစားကည ၁၀ နာရီလောက် သတင်းပို့တယ်။ရဲဘော်တွေလည်း ဝင်တိုက်နေပြီ။ နတ်ရေကန်ရပြီလို့ ပြောလို့ရပြီ”လို့သတင်းရင်းမြစ်တွေတစ်ယောက်က ဒီနေ့ မနက်ပိုင်းမှာပြောပါတယ်။

အမ်း-ပဒါန်းလမ်းပိုင်းအနီးက ​လေ​ကြောင်းရန်ကာကွယ်​ရေးအတွက် ​ရေဒါပါ တပ်ဆင်ထားတဲ့​ဗျူဟာ​မြောက်စခန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။ ကာကင်းစခန်းကြီးဖြစ်တဲ့ MPT တာဝါတိုင်ကုန်းကို မတ်လမှာ သိမ်းယူခဲ့ပါတယ် ။ မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး​နောက် AA အပါအဝင် ညီ​နောင် မဟာမိတ် သုံးဖွဲ့က ငလျင်အ​ရေး​ပေါ်ကယ်ဆယ်​ရေးနဲ့ ပြန်လည်ထူ​ထောင်​ရေးအတွက် လ​နဲ့ချီပြီးထိုးစစ်ကို​လျော့ချခဲ့ပါတယ် ။

Public Service Announcement

Public Service Announcement

အဲဒီ​နောက်ထိုးစစ်ကိုပြန်လည်မြှင့်တင်ခဲ့ရာစက်တင်ဘာလနဲ့ လက်ရှိ အောက်တိုဘာလဆန်းမှာ ဂုတ်ကြီးစခန်းနဲ့ ဖိုင်တာကုန်းလို အဓိကကာကင်း စခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။

တိုက်ပွဲတွေဆက်တိုက်ပြင်းထန်ပြီးနောက်ပိုင်း ဗျူဟာထဲကစစ်တပ်ရင်းတွေပါဆုတ်ခွာထွက်ပြေးတဲ့ အခြေအနေရောက်လာတာလို့ သိရပါတယ်။

လက်ရှိမှာ နတ်ရေကန်ဗျူဟာနဲ့ ဆယ်မိုင်ခန့်အကွာက ကပစ(၁၄) နဲ့ ၄၉၄ တပ်ရင်းအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ သုံးနေရာစလုံးကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ဗုံးကြနေတယ်လို့ သတင်းရရှိပါတယ်။

နတ်ရေကန်ဗျူဟာမှာ အမြောက်နဲ့လေကြောင်းရန် ကာကွယ်ရေး စခန်းရှိပြီး ပေ ၅၀၀၀ကျော်မြင့်တဲ့ နတ်ရေကန်တောင်ပေါ်မှာ အခိုင်အမာတည်ဆောက်ထားတာဖြစ်ပါတယ်။

အမ်း-ပဒါန်းလမ်း နဲ့ နတ်​ရေကန်ဗျူဟာကို စစ်တပ်က တပ်မ(၉၉) ကိုတာဝန်​ပေးပြီးခုခံခဲ့တာမှာ ဒုတိယနည်းဗျူဟာမှူးအပါအဝင် အရာရှိ​တွေ၊စစ်သား​တွေ အဖမ်းခံရသလို ၊​ အရာရှိက​နေ တပ်သားအထိ သေဆုံး ဒဏ်ရာရသူများပြားပြီးအထိနာခဲ့ပါတယ် ။ တပ်မ(၉၉)​အောက်ကတပ်ရင်း​တွေ အထိနာတာ​ကြောင့် ​နောက်တန်းပြန်ပို့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ၊မိုင်းပန်မြို့မှာအ​ခြေစိုက်တဲ့ စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် -၁၇ (စကခ ၁၇) လက်​အောက်က တပ်ရင်း​တွေကို နတ်​ရေကန်ဗျူဟာ နဲ့ အမ်း-ပဒါန်းလမ်းက စစ်စခန်း​တွေကိုခုခံဖို့ထပ်ပို့ထားပါတယ် ။

ဒါ​ပေမယ့် AA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်​တွေရဲ့ထိုးစစ်ကိုစစ်တပ်ဟာမခုခံနိုင်ပဲစခန်း​တွေ ဆက်တိုက်ဆုံးရှုံး​နေတာဖြစ်ပါတယ်။

(​ရေဒါစခန်းရှိတဲ့ နတ်​ရေကန်ဗျူကို Google Earth မှာ​တွေ့ရပုံ)

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်တပ်ရဲ့ ကာဘိုးကျေးရွာတပ်စခန်းအနီး တိုက်ပွဲအတွင်း စစ်တပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်၂လက် သိမ်းရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။