အောက်တိုဘာ-၁၁၊၂၀၂၅။လူအေး/People’s Spring
အာရက္ခတပ်တော်(AA) နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်နေတဲ့ နတ်ရေကန်ဗျူဟာထဲက စစ်ကောင်စီတပ်တွေဆုတ်ခွာထွက်ပြေးနေပြီးတော်လှန်ရေးတပ်တွေကအပြီးသတ်ထိုးသစ်ဆင်နေပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
“ဗျူဟာထဲက ကောင်တွေ ထွက်ပြေးကုန်ပြီး ကျသွားပြီလို့ဖရဲသီးအကြီးစားကည ၁၀ နာရီလောက် သတင်းပို့တယ်။ရဲဘော်တွေလည်း ဝင်တိုက်နေပြီ။ နတ်ရေကန်ရပြီလို့ ပြောလို့ရပြီ”လို့သတင်းရင်းမြစ်တွေတစ်ယောက်က ဒီနေ့ မနက်ပိုင်းမှာပြောပါတယ်။
အမ်း-ပဒါန်းလမ်းပိုင်းအနီးက လေကြောင်းရန်ကာကွယ်ရေးအတွက် ရေဒါပါ တပ်ဆင်ထားတဲ့ဗျူဟာမြောက်စခန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။ ကာကင်းစခန်းကြီးဖြစ်တဲ့ MPT တာဝါတိုင်ကုန်းကို မတ်လမှာ သိမ်းယူခဲ့ပါတယ် ။ မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် AA အပါအဝင် ညီနောင် မဟာမိတ် သုံးဖွဲ့က ငလျင်အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် လနဲ့ချီပြီးထိုးစစ်ကိုလျော့ချခဲ့ပါတယ် ။

Public Service Announcement
အဲဒီနောက်ထိုးစစ်ကိုပြန်လည်မြှင့်တင်ခဲ့ရာစက်တင်ဘာလနဲ့ လက်ရှိ အောက်တိုဘာလဆန်းမှာ ဂုတ်ကြီးစခန်းနဲ့ ဖိုင်တာကုန်းလို အဓိကကာကင်း စခန်းတွေကိုတော်လှန်ရေးတပ်တွေက ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။
တိုက်ပွဲတွေဆက်တိုက်ပြင်းထန်ပြီးနောက်ပိုင်း ဗျူဟာထဲကစစ်တပ်ရင်းတွေပါဆုတ်ခွာထွက်ပြေးတဲ့ အခြေအနေရောက်လာတာလို့ သိရပါတယ်။
လက်ရှိမှာ နတ်ရေကန်ဗျူဟာနဲ့ ဆယ်မိုင်ခန့်အကွာက ကပစ(၁၄) နဲ့ ၄၉၄ တပ်ရင်းအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ သုံးနေရာစလုံးကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ဗုံးကြနေတယ်လို့ သတင်းရရှိပါတယ်။
နတ်ရေကန်ဗျူဟာမှာ အမြောက်နဲ့လေကြောင်းရန် ကာကွယ်ရေး စခန်းရှိပြီး ပေ ၅၀၀၀ကျော်မြင့်တဲ့ နတ်ရေကန်တောင်ပေါ်မှာ အခိုင်အမာတည်ဆောက်ထားတာဖြစ်ပါတယ်။
အမ်း-ပဒါန်းလမ်း နဲ့ နတ်ရေကန်ဗျူဟာကို စစ်တပ်က တပ်မ(၉၉) ကိုတာဝန်ပေးပြီးခုခံခဲ့တာမှာ ဒုတိယနည်းဗျူဟာမှူးအပါအဝင် အရာရှိတွေ၊စစ်သားတွေ အဖမ်းခံရသလို ၊ အရာရှိကနေ တပ်သားအထိ သေဆုံး ဒဏ်ရာရသူများပြားပြီးအထိနာခဲ့ပါတယ် ။ တပ်မ(၉၉)အောက်ကတပ်ရင်းတွေ အထိနာတာကြောင့် နောက်တန်းပြန်ပို့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ၊မိုင်းပန်မြို့မှာအခြေစိုက်တဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -၁၇ (စကခ ၁၇) လက်အောက်က တပ်ရင်းတွေကို နတ်ရေကန်ဗျူဟာ နဲ့ အမ်း-ပဒါန်းလမ်းက စစ်စခန်းတွေကိုခုခံဖို့ထပ်ပို့ထားပါတယ် ။
ဒါပေမယ့် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်ကိုစစ်တပ်ဟာမခုခံနိုင်ပဲစခန်းတွေ ဆက်တိုက်ဆုံးရှုံးနေတာဖြစ်ပါတယ်။
(ရေဒါစခန်းရှိတဲ့ နတ်ရေကန်ဗျူကို Google Earth မှာတွေ့ရပုံ)

















































