Connect with us

Hi, what are you looking for?

News

ဘဏ်များတွင်ထားရမည့်အနည်းဆုံးသီးသန့်​ငွေကို​ငွေသားဖြင့်ပါထားရမည်ဟုစစ်​ကောင်စီကန့်သတ်ပြန်

အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို လုယူပြီးနောက် ဘဏ်များတွင် အနည်းသီးသန့်ငွေကို ဘဏ်တွင်လာအပ်သည့် ငွေများ၏ သုံးရာခိုင်နှုန်းထားရှိရမည်ဟု ပြင်ဆင်ကန့်သတ်ခဲ့သည်။

(ဘဏ်များနှင့် အာဏာလုစစ်​ကောင်စီအ​ပေါ် လူထုယုံကြည်မှု​လျော့နည်းသဖြင့် ဘဏ်များတွင် ​ငွေအပ်သူထက် ထုတ်သူသာများ​နေသည်။)

ဘဏ်များတွင် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေကို ငွေသားဖြင့်ပါထားရှိရမည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ဗဟိုဘဏ်ကထုတ်ပြန်သည်။

ယခင်က ပြည်တွင်းဘဏ်များတွင် အနည်းဆုံးသီးသန့်ငွေထားရမည့် ပမဏာကို စာရင်းရှင်အပ်ငွေ ဘဏ်စာရင်းဖြင့်သာထားရှိရမည်ဟုသတ်မှတ်ထားမူကို ယခုအခါ ငွေသားဖြင့်ထားရှိရမည်ဟု အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်ကတင်းကျပ်ထုတ်ပြန်လာခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို လုယူပြီးနောက် ဘဏ်များတွင် အနည်းသီးသန့်ငွေကို ဘဏ်တွင်လာအပ်သည့် ငွေများ၏ သုံးရာခိုင်နှုန်းထားရှိရမည်ဟု ပြင်ဆင်ကန့်သတ်ခဲ့သည်။ အရပ်သားအစိုးရလက်ထက်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်း ထားရှိရမည်ဟု ကန့်သတ်ထားခြင်းဖြစ်သည်။ ယခုအခါ အနည်းသီးသန့်ငွေ ၃ ရာခိုင်နှုန်း၌ ဘဏ်စာရင်းများဖြင့် ၇၅ ရာခိုင်နှုန်းထားရှိရမည်ဖြစ်ပြီး ငွေသားဖြင့် ၂၅ ရာခိုင်နှုန်းထားရှိရမည်ဟုသတ်မှတ်ခြင်းဖြစ်သည်။

ထိုသို့ကန့်သတ်ခြင်းမှာ ဘဏ်များတွင် ငွေကြေးလုံလောက်မူကို အထောက်အကူပြုစေရန်အတွက်ဖြစ်သည်ဟု အကြမ်းဖက်စစ်တပ်၏ ဗဟိုဘဏ်ကဆိုသည်ကန့်သတ်ချက်ကို လိုက်နာမူမရှိသည့်ဘဏ်များကို ဒဏ်ကြေးတပ်သွားမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ထားသည်။

Public Service Announcement

Public Service Announcement

“ဘဏ်တွေမှာ ငွေသားထားဖို့ ကန့်သတ်တာလိုမြင်ပါတယ်။ ငွေထုတ်ပေးတာတွေ ပိုတင်းကြပ်လာမယ့် သဘောပါပဲ”ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို လုယူပြီးနောက် စစ်​ကောင်စီနှင့် ဘဏ်များအ​ပေါ်မယုံသဖြင့် ပြည်သူများက ဘဏ်မှ​ငွေများပြန်ထုတ်ကြရာ အပ်သူမရှိဘဲ ပြန်ထုန်သူသာများပြီး​နောက်ငွေထုတ်ပေးမူကို ကန့်သတ်ခဲ့သည်။ ထိုသို့ကိုယ့်​ငွေကိုယ်ပြန်ထုတ်သည့်အ​ပေါ် ကန့်သတ်မူများလာပြီး ​ငွေထုတ်ရခက်ခံလာ​သောကြောင့် လူထုက ဘဏ်များအပေါ်လူထုယုံကြည်မူပိုမိုကျဆင်းနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။