Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နောက်ထပ် ဗင်နီဇွဲလား ရေယာဉ်တစ်စီးကို အမေရိကန် စစ်တပ် တိုက်ခိုက်ဖျက်ဆီး၊ လူ ၆ ဦးသေဆုံး

နောက်ထပ် ဗင်နီဇွဲလား ရေယာဉ်တစ်စီးကို အမေရိကန် စစ်တပ်က တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

နောက်ထပ် ဗင်နီဇွဲလား ရေယာဉ်တစ်စီးကို အမေရိကန် စစ်တပ်က တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

ဒါဟာ ဗင်နီဇွဲလား ကမ်းလွန်မှာ မူးယစ်မှောင်ခိုဂိုဏ်းတွေ လှုပ်ရှားနေတဲ့ စက်လှေတွေအဖြစ် စွပ်စွဲပြီး အမေရိကန်က တိုက်ခိုက်တာ ခံရတဲ့ ပဉ္စမမမြောက် ရေယာဉ်ဖြစ်လာပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့က တိုက်ခိုက်မှုအတွင်း လှေပေါ်မှာ လိုက်ပါလာသူ မူးယစ်မှောင်ခို အကြမ်းဖက်သမား ၆ ဦး သေဆုံးခဲ့တယ်လို့လည်း ထရမ့်က သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

အခုဆိုရင် အမေရိကန်ရဲ့ စစ်ဆင်ရေးတွေအတွင်း ဗင်နီဇွဲလား ရေယာဉ် ၅ စီး ပျက်စီးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၂၇ ဦးထိ ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဗင်နီဇွဲလား အစိုးရကတော့ အဲဒီလှေတွေဟာ အမေရိကန် စွပ်စွဲသလို မူးယစ်မှောင်ခို ဂိုဏ်းတွေနဲ့ အဆက်အစပ် မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ အမေရိကန်ကလည်း တိုက်ခိုက် ဖျက်ဆီးခဲ့တဲ့ ရေယာဉ်တွေဟာ မူးယစ်ဆေးဝါး ဂိုဏ်းတွေနဲ့ ဆက်စပ်ပါတယ် ဆိုတာကို ဘာအထောက်အထားမှ ထုတ်မပြခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ထရမ့်ကတော့ ခိုင်မာတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေအရ အဲဒီ လှေတွေဟာ မူးယစ်ဆေးဝါးတွေ မှောင်ခို သယ်ဆောင်လာခဲ့တယ် ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ထရမ့်က ပင်လယ်တစ်စီး ရေပြင်ပေါ် ခုတ်မောင်းနေရင်း ဒုံးကျည်ထိမှန် ပေါက်ကွဲသွားတဲ့ ဝေဟင် ထောက်လှမ်းရေး ဗီဒီယို တစ်ခုကိုလည်း လူမှုကွန်ရက်ပေါ် တင်ထားခဲ့ပါတယ်။ သေဆုံးသူ ၆ ဦးဟာ ဗင်နီဇွဲလား နိုင်ငံသားတွေချည်းပဲ ဟုတ်မဟုတ် ဆိုတာကိုတော့ မသိရသေးပါဘူး။

အမေရိကန် အစိုးရဟာ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ကိုယ်တိုင်က မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် တစ်ဦးလို့ စွပ်စွဲပြီး ဒေါ်လာ သန်း ၅၀ ဆုငွေထုတ်ထားပါတယ်။ မာဒူရိုကတော့ အဲဒီ စွပ်စွဲချက်ကို ပယ်ချပြီး အမေရိကန်က သူ့အစိုးရကို တရားမဝင် နည်းလမ်းတွေနဲ့ ဖြုတ်ချဖို့ ကြံစည်နေတာကြောင့် အခုလို မဟုတ်မမှန် အပုပ်ချနေတာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook