Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လုပ်ကြံခံခဲ့ရတဲ့ နိုင်ငံရေး မဟာမိတ်အတွက် ဂုဏ်ပြုဆုတံဆိပ်ကို ထရမ့်ချီးမြှင့်

လုပ်ကြံ ခံရပြီး ကွယ်လွန်ခဲ့သူ နိုင်ငံရေးမဟာမိတ် ချာလီကာ့ခ်အတွက် အရပ်ဖက်ဆိုင်ရာ အမြင့်ဆုံး ဂုဏ်ပြုဆုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

​အောက်တိုဘာ-၁၅၊၂၀၂၅။People’s Spring

လုပ်ကြံ ခံရပြီး ကွယ်လွန်ခဲ့သူ နိုင်ငံရေးမဟာမိတ် ချာလီကာ့ခ်အတွက် အရပ်ဖက်ဆိုင်ရာ အမြင့်ဆုံး ဂုဏ်ပြုဆုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့ပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့က အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ကာ့ခ်အစား ကျန်ရစ်သူ ဇနီးသည် အဲရစ်ကာ ကာ့ခ်ကို ထရမ့်ကသမ္မတရဲ့ လွတ်လပ်ရေး ဂုဏ်ပြုဆုတံဆိပ် (Medal of Freedom)ကို ပေးအပ်ခဲ့ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့အသက် ၃၁ နှစ်အရွယ် ကာ့ခ်ဟာ စက်တင်ဘာလတုန်းက ယူတားပြည်နယ်တက္ကသိုလ်တစ်ခုထဲမှာ ကျောင်းသားတွေနဲ့ စကားစစ်ထိုးနေတဲ့ အချိန်မှာ သေနတ်သမား တစ်ဦးရဲ့ ပစ်ခတ်လုပ်ကြံမှုကြောင့် သေဆုံးခဲ့ပါတယ်။သေနတ်သမားကိုတော့ ၃၃ နာရီအကြာမှာ ဖမ်းမိထားပါတယ်။

Public Service Announcement

Public Service Announcement

ကာ့ခ်ဟာရွေးကောက်ပွဲကြိုမဲဆွယ်မှုတွေမှာထရမ့်အတွက်ကိုယ်စားပြုပြီးလူငယ်တွေကို တက်တက်ကြွကြွ စည်းရုံးရေး ဆင်းခဲ့သလို အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။ အထူးသဖြင့်သူဟာကွန်ဆာဗေးတစ်အမြင်ရှိတဲ့ငယ်ရွယ်တဲ့ မျိုးဆက်ကို နိုင်ငံရေးနဲ့ပိုမိုထိတွေ့ဖို့၊ ထရမ့်ကိုထောက်ခံကြဖို့မဲဆွယ်ပေးနိုင်ခဲ့ပါတယ်။

ကာ့ခ်ကွယ်လွန်ခဲ့တဲ့ တစ်လရှိပြီ ဖြစ်ကြောင်း၊ သူ့သေဆုံးမှုအတွက် အားလုံးနာကျင်ထိခိုက်ခံစားနေရဆဲ ဖြစ်ကြောင်း၊ကာ့ခ်ဟာတကယ့်ကိုထူးကဲပြီး ယုံကြည်ချက်အတွက်ဘယ်တော့မှ ရပ်တန့်မယ့်သူမျိုး မဟုတ်ကြောင်း ထရမ့်ကညွှန်းဆိုခဲ့ပါတယ်။

စိတ်လှုပ်ရှားပြီးဝမ်းနည်းနေဟန်ရှိတဲ့ အဲရစ်ကာက ခင်ပွန်းကိုယ်စားဆုတံဆိပ်ကိုလက်ခံယူပြီးတဲ့နောက်အခုအခါ သူ့ခင်ပွန်းဟာ စစ်မှန်တဲ့ အာဇာနည် တစ်ဦးနဲ့ ထိုက်တန်တဲ့ သရဖူကို ဆောင်းခွင့်ရနေပါပြီလို့ ပြောကြားခဲ့ပါတယ်။ ကာ့ခ်ဟာ ဘဝတလျှောက်လုံးမှာအမေရိကန်အတွက်အမှန်တကယ် လိုအပ်တယ်လို့ သူယုံကြည်တဲ့ အရာတွေကိုပဲ လုပ်ခဲ့တယ်လို့လည်း အဲရစ်ကာက ဆိုပါတယ်။

ထရမ့်ကတော့ကာ့ခ်ကိုလုပ်ကြံခဲ့မှုရဲ့နောက်ကွယ်မှာ လက်ဝဲစွန်း နိုင်ငံရေး အင်အားစုတွေ ရှိနေတယ်လို့ စွပ်စွဲခဲ့သလို လုပ်ကြံသူကိုလည်း သေဒဏ် စီရင်သင့်ကြောင်း အတိအလင်း ဝေဖန်ထားပါတယ်။

ကိုးကား – The Guardian

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။