Connect with us

Hi, what are you looking for?

သတင်း

မြဝတီ – ဝေါ်လေ လမ်းပိုင်းကို စစ်ကောင်စီတပ်စိုးမိုးဖို့ ကြိုးပမ်း

ကရင်ပြည်နယ်၊ မြ၀တီ-ဝေါ်လေ လမ်းပိုင်းမှာ စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဒီနေ့ (အောက်တိုဘာ ၁၅ ရက်) မနက်ပိုင်းမှာ အဲဒီလမ်းပိုင်းပေါ်က အင်ကြင်းမြိုင်ကျေးရွာထဲကို ရောက်ရှိလာပြီဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မြဝတီ - ဝေါ်လေလမ်းပိုင်း (Google Map)

အောက်တိုဘာ – ၁၅ ၊၂၀၂၅ ၊နိုင်ပကောင်း /People’s Spring

ကရင်ပြည်နယ်၊ မြ၀တီ-ဝေါ်လေ လမ်းပိုင်းမှာ စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဒီနေ့ (အောက်တိုဘာ ၁၅ ရက်) မနက်ပိုင်းမှာ အဲဒီလမ်းပိုင်းပေါ်က အင်ကြင်းမြိုင်ကျေးရွာထဲကို ရောက်ရှိလာပြီဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

“ဒီမနက် အင်ကြင်းမြိုင်ထိပ် စစ်တပ်ရောက်နေပြီ၊ ခုလမ်းပိတ်ထားတယ်၊ (တိုက်ပွဲ)မဖြစ်သေးဘူး၊ ဒါပေမယ့် ခုဏကတော့ အလုံးကြီးပစ်ထုတ်တယ်” လို့ ကရင်သတင်းရင်းမြစ်တစ်ဦးက ဒီနေ့မနက်ပိုင်းက ပြောပါတယ်။

အင်ကြင်းမြိုင်ရွာဟာ ထိုင်း – မြန်မာ နယ်ခြား သောင်ရင်းမြစ်ဘေးမှာတည်ရှိပြီး လေးကေကော်မြို့သစ်ရဲ့အရှေ့ဘက်မှာရှိတာပါ။

Public Service Announcement

Public Service Announcement

လေးကေကော်ကိုလည်းသိမ်းယူဖို့အတွက် စစ်ကောင်စီတပ်ကထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။

ဒီမနက်ပိုင်းမှာ စစ်ကောင်စီတပ်ရောက်သွားတဲ့ အင်ကြင်းမြိုင်ရွာကို ကရင်နယ်ခြားစောင့်တပ်(BGF) အမှတ်(၄)တပ်နယ် ထိန်းချုပ်ထားတာဖြစ်ပြီး ရွာထဲက BGF ဂိတ်တွေမှာ စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူလိုက်ပြီလို့ အခြားသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အင်ကြင်းမြိုင်ကျေးရွာကနေတဆင့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ထိန်းချုပ်ထားတဲ့ မင်းလက်ပံကျေးရွာဘက်ကို စစ်ကြောင်းထိုးလာမှာဖြစ်ပြီး မင်းလက်ပံကနေတဆင့် ဖလူးကျေးရွာဆီ ဆက်တိုးလာမှာလို့ ကရင်သတင်းရင်းမြစ်တွေက သုံးသပ်ပါတယ်။

လာမယ့် ဒီဇင်ဘာလမတိုင်ခင်မှာ စစ်ကောင်စီတပ်ဟာ လေးကေကော်မြို့အပါအဝင် မြ၀တီ-ဝေါ်လေ လမ်းပိုင်းတလျှောက်က စခန်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းထိုးနေပြီး လေးကေကော်မြို့က နေရာတချို့ကိုလည်း ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။

ဒါပေမယ့်လေးကေကော်ကိုစိုးမိုးထားတဲ့ မြို့အနောက်ဘက်က စွယ်တော်ကုန်း(ဗျူဟာကုန်း)ကို ပြန်မသိမ်းနိုင်သေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒီရက်ပိုင်းအတွင်းမြ၀တီမြို့ ၊သောင်ရင်းမြစ်ကမ်းနံဘေးမှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) ၊အမှတ်(၄) တပ်နယ်မှူး ဗိုလ်မှူးချုပ်စောမုတ်သုန်ရဲ့ သုညဂိတ်နဲ့ နှစ် ဂိတ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးခဲ့ပြီး နှစ်ဂိတ်ကို နေရာယူလိုက်ပြီ လို့ မြ၀တီသတင်းရင်းမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

“နှစ် ဂိတ်ကိုကျတော့ စစ်တပ်ကထိုင်လိုက်ပြီ၊ ဗိုလ်မုတ်သုန်ဂိတ်ပေါ့၊ တစ်ဂိတ်ရဲ့အောက်မှာ ဘုရားဂိတ်၊ ဘုရားဂိတ်ကြားမှာ နှစ် ဂိတ်လေ၊တပ်ထိုင်လိုက်ပြီ” လို့ အဲ့ဒီသတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။