Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့ကို စစ်ကောင်စီက တပ်မ(၃၃)နဲ့အင်အားဖြည့် စစ်ကြောင်းထိုး

ဗန်းမောက်မြို့ကိုစစ်ကောင်စီက အမှတ်(၃၃)​ခြေမြန်တပ်မဌာနချုပ်(တပ်မ-၃၃)​အောက်ကတပ်ရင်း​တွေနဲ့အင်အားဖြည့်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

တော်လှန်ရေးတပ်တွေက ဗန်းမောက်မြို့ကို သိမ်းအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ

အောက်တိုဘာ-၁၅၊ ၂၀၂၅။မိုမို/People’s Spring

ဗန်းမောက်မြို့ကိုစစ်ကောင်စီက အမှတ်(၃၃)​ခြေမြန်တပ်မဌာနချုပ်(တပ်မ-၃၃)​အောက်ကတပ်ရင်း​တွေနဲ့အင်အားဖြည့်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ကာကွယ်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ကို စစ်ကောင်စီရဲ့ စစ်ကိုင်းမြို့မှာ အ​ခြေစိုက်တဲ့တပ်မ(၃၃) နဲ့ ဗန်း​မောက်​ဒေသမှာ​မြို့သိမ်းမခံရခင်ကတည်းကရှိ​​နေတဲ့ တပ်မ (၇၇)လက် အောက်ခံတပ်ရင်းတွေ ၊ ရှမ်းနီတပ် (SNA) တို့နဲ့ အင်အား ၁,၀၀၀ လောက်သုံးပြီး တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

” အရင်က တပ်မ ၇၇ ပဲထိုင်တာ။ ကသာဘက်စစ် ကြောင်းပြုတ်သွားတော့ အင်းတော်ပွဲမပြီးသေးဘူး ‌ဟယ်ရီကော်ပါတာနဲ့ခေါ်ရွေ့တာ ကသာကို။ ရှမ်းနီ SNA တွေဘဲဆိုရင် အခုအခြေအနေထိ မရောက်ဘူး”လို့ မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးက လက်ရှိ ဗန်းမောက်မြို့စစ်ရေးအခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

တန်ပြန်ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့SNAတပ်တွေကို တော်လှန် ရေးအင်အားစုတွေက တိုက်ခိုက်နေတာကြောင့် နေ့စဥ်တိုက်ပွဲဖြစ်နေတယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် စစ်ကောင်စီက နေ့စဥ်နီးပါး လေ ကြောင်းကနေ ဗုံးကြဲနေပြီး စစ်ရှောင်ပြည်သူအချို့ကို SNA က ဖမ်းဆီးခေါ်ဆောင်ပြီး နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ ဗန်းမောက်မြို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

“မြို့နဲ့ သုံးမိုင်ပတ်ချာလည်မှာပဲ ။အနောက်ဘက်က နေ တက်လာတာ။တဖြည်းဖြည်းတိုးလာနေတဲ့အနေအထားပဲ”လို့ သူက ပြောပါတယ်။

လက်ရှိ တိုက်ပွဲအခြေအနေတွေကြောင့် မြို့အနီးတဝိုက် ကျေးရွာ ၁၅ရွာဝန်းကျင်နဲ့ မြို့ပေါ် ရပ်ကွက်လေးခုက ပြည်သူ နှစ်ထောင်ဝန်းကျင် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပြီး အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့ ဗန်းမောက် ပကဖက ထုတ်ပြန်ထားပါတယ်။

ဗန်းမောက်မြို့မှာ ရဉ်ထွန်း (ဗျူဟာမှူး)ဦးစီးတဲ့ SNA တပ်မဟာ (၆၁၄၊ ၉၇၂)၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀၀) ဝန်းကျင် အခြေချနေထိုင်တဲ့ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေက အမှတ် (၁)စစ်ဒေသကွပ်ကဲမှုနဲ့ စက်တင်ဘာ ၂၀ရက်က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဗန်းမောက်မြို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက် တပ်ရင်း၊တပ်ဖွဲ့တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်၊ မော်လူးနဲ့ ပင်လည်ဘူးမြို့အနီးမှာ ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။