Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်နဲ့ရှီ တွေ့ဖြစ်ကြမယ့်ကိစ္စ မပျက်ဘူးလို့ အမေရိကန်ပြော

တရုတ်နဲ့ အမေရိကန် သမ္မတတွေ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ကိစ္စ မပျက်ဘူးလို့ အမေရိကန် အစိုးရဖက်က ပြောပါတယ်။

ဓာတ်ပုံ - The New York Times/File

တရုတ်နဲ့ အမေရိကန် သမ္မတတွေ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ကိစ္စ မပျက်ဘူးလို့ အမေရိကန် အစိုးရဖက်က ပြောပါတယ်။

အစောပိုင်းတုန်းက တရုတ်ရဲ့ မြေရှားသတ္တုတွေ ပြည်ပတင်ပို့ခွင့် ကန့်သတ်လိုက်တာကို မကျေနပ်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ် ကုန်စည်တွေအပေါ် သွင်းကုန် အခွန် စည်းကြပ်မှု ၁၀၀ ရာခိုင်နှုန်း ထပ်တိုးမယ်လို့ ခြိမ်းခြောက်ခဲ့သလို သူနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကြား လောလောဆယ် တွေ့ဆုံစရာ အကြောင်းမရှိလောက်တော့ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

အဲဒီစကားကြောင့် ရှီနဲ့ ထရမ့်တို့ တောင်ကိုရီးယားနိုင်ငံမှာ တွေ့ဆုံကြမယ့် အစီအစဉ် ပျက်ပြီလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။ ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား အကြီးဆုံး နိုင်ငံနှစ်ခုရဲ့ ခေါင်းဆောင်တွေဟာ လကုန်ပိုင်းမှာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်)အဖွဲ့ရဲ့ ထိပ်သီး ညီလာခံ တက်ရောက်ရင်း တွေ့ဆုံကြဖို့ စီစဉ်ထားတာပါ။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်ကတော့ အမေရိကန်ဟာ တရုတ်နဲ့ ပြဿနာတွေ တိုးလာအောင်လုပ်ဖို့ ဆန္ဒမရှိကြောင်း၊ သမ္မတ နှစ်ဦးဖြစ်တဲ့ ထရမ့်နဲ့ ရှီတို့ကလည်း နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ ဆိုးရွားလာစေချင်မှာ မဟုတ်ဘူးဆိုတာ သူယုံကြည်ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာ သဘောထား ကွဲလွဲစရာတွေ ကျန်နေသေးတယ် ဆိုပေမယ့် သမ္မတထရမ့်ဟာ ရှီနဲ့ တွေ့ဆုံဖို့ အသင့်ဖြစ်နေပြီလို့လည်း ဘက်ဆန့်က မှတ်ချက်ပေးသွားပါတယ်။ CNBC သတင်းဌာနနဲ့ အင်တာဗျူးမှာ ဘက်ဆန့်က သမ္မတ ထရမ့်ဟာ ရှီနဲ့ တွေ့ဆုံဖို့ မီးစိမ်းပြထားဆဲလို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ ထရမ့်နဲ့ ရှီကြားမှာ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးကောင်းတွေ ရှိနေဆဲလို့ သူက အခိုင်အမာ ဆိုပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ဟာ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF)နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ နှစ်ပတ်လည် ညီလာခံတွေမှာလည်း သီးခြားဆွေးနွေးမှုတွေလည်း ရှိခဲ့တယ်လို့ ဘက်ဆန့်က ပြောပါတယ်။ ထရမ့်နဲ့ ရှီတို့ တွေ့ဆုံကြမယ့် ကိစ္စနဲ့ ပတ်သက်လို့ တရုတ်အစိုးရဖက်ကတော့ ဘယ်တုန်းကမှ တိတိကျကျ မှတ်ချက်ပေးတာ၊ အတည်ပြုတာမျိုး မရှိသေးပါဘူး။

ကိုးကား: CNA

ဆက်စပ်သတင်းများ

ဆောင်းပါး

-သော်မွန်/People’s Spring ပြည်တွင်းနဲ့ နိုင်ငံတကာမှာ မရနိုင်သေးတဲ့ နိုင်ငံတော်သမ္မတတစ်ဦးလို အသိအမှတ်ပြုခံရမှုနဲ့ ကြိုဆိုဂုဏ်ပြုမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်း​အောင်လှိုင်က အိမ်နီးချင်း တရုတ်နိုင်ငံဆီကဇွန်၁၆ ရက်မှာရရှိခဲ့ပါတယ်။တရုတ်ထောက်ခံမှု နဲ့ စစ်အုပ်စုစိတ်တိုင်းကျလုပ်ခဲ့တဲ့​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်တော်ကနေ သမ္မတကိုယ်ဘာသာကိုယ်ခန့်တဲ့ မင်းအောင်လှိုင်ကို တရုတ်အစိုးရကတရားဝင်အသိအမှတ်ပြုပေးခဲ့တာလို့ တရုတ်အရေးလေ့လာသူတချို့နဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ သမ္မတအမည်ခံထားတဲ့ မင်းအောင်လှိုင်ရဲ့ပွဲဦးထွက်...

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ မကြာခင် ရာထူးက နုတ်ထွက်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။