Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာကားနဲ့ဆိုင်ကယ်တိုက်မိပြီးဆိုင်ကယ်စီးအမျိုးသမီး ကားအောက်ညှပ်ပါပြီးသေဆုံး

မန္တလေးမြို့၊ပုသိမ်ကြီးမြို့အဝင်မှာကားနဲ့ဆိုင်ကယ်တိုက်မိရာမှာ ကားသမားက မောင်းပြေးတာကြောင့် ဆိုင်ကယ်စီးအမျိုးသမီး ကားအောက်ညှပ်ပါသွားပြီးသေဆုံးသွားတယ်လို့ နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

ဓာတ်ပုံ -နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်း

အောက်တိုဘာ – ၁၆ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့၊ပုသိမ်ကြီးမြို့အဝင်မှာကားနဲ့ဆိုင်ကယ်တိုက်မိရာမှာ ကားသမားက မောင်းပြေးတာကြောင့် ဆိုင်ကယ်စီးအမျိုးသမီး ကားအောက်ညှပ်ပါသွားပြီးသေဆုံးသွားတယ်လို့ နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ ဒီနေ့ (အောက်တိုဘာ ၁၆ရက်) ညပိုင်း ၆ နာရီ ၄၅ မိနစ်ခန့်က ပုသိမ်ကြီးမြို့အဝင် ဆိုင်းဘုတ်ရှေ့ ၊ ၁၉ လမ်းပေါ်မှာ ဖြစ်ပွားခဲ့တာပါ။

“ဆိုင်ကယ်က လမ်းဘေးမှာကျန်ခဲ့လို့လိုက်စုံစမ်းသေးတယ်၊ ပုသိမ်ကြီး ဖေ့ဘွတ်ခ်ဂရု ( Facebook Group) တွေမှာလည်းတင်ပြီး စုံစမ်းကြတာ မျက်မြင်တွေက ကားအောက်ပါသွားတယ်ပြောလို့ ညချင်းလိုက်ရှာရင်းတွေ့တာ”လို့ ဖြစ်စဉ်ကိုသိရှိတဲ့ ပုသိမ်ကြီးမြို့ခံ တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကားက ဆိုင်ကယ်ကို တိုက်ပြီးမောင်းပြေးရာမှာ ဆိုင်ကယ်စီးအမျိုးသမီးညှပ်ပါသွားပြီး ဆိုင်ကယ်ကတော့ အခင်းဖြစ်တဲ့နေရာမှာ ကျန်ခဲ့တာလို့သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့နေရာမှာ သွေးစတွေတွေ့ရတယ်လို့ ပုသိမ်ကြီးမြို့ခံ ကဆိုပါတယ်။

ကားအောက်ညှပ်ပါသွားတဲ့ အမျိုးသမီး အလောင်းကိုတော့ မြို့ပတ်လမ်း ကံကောက်ရှိ အထည်ချုပ်စက်ရုံနားမှာ စွန့်ပစ်ထားခဲ့တာတွေ့ခဲ့ရတာလို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့နေရာနဲ့ အလောင်းစွန့်ပစ်သွားတဲ့နေရာကတော့ လေးမိုင်ခန့်ဝေးတယ်လို့ မြို့ခံကပြောပါတယ်။

သေဆုံးသူဟာ လူလတ်ပိုင်းအရွယ်အမျိုးသမီးဖြစ်တယ်လို့ သိရပြီး တိုက်သွားတဲ့ကားပိုင်ရှင်ကိုတော့ ဖမ်းမိသေးဘူးလို့သိရပါတယ်။

တိုက်သွားတဲ့ကားက အိမ်စီးကားအဖြူရောင်လို့ ပြောကြပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။