Connect with us

Hi, what are you looking for?

သတင်း

ခါမ်းပတ်မြို့ကိုတည်ပြီး စစ်တပ်စစ်ကြောင်းထိုးဖို့ပြင်​နေ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့ဘက်ကို ကလေး-တမူးလမ်းအတိုင်းစစ်တပ်စစ်ကြောင်း‌တွေဝင်ရောက်လာလို့ စစ်ရေးအခြေအနေသတိပြုဖို့ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

ခမ်းပါတ်မြို့ကို PDF နဲ့ ပူး​ပေါင်းတပ်​တွေသိမ်းယူပြီး​တော့ PDF အလံ​တော်လွှင့်ထူးဖို့ပြင်​နေစဥ်။ ဓါတ်ပုံ-NUG

အောက်တိုဘာ-၁၈၊၂၀၂၅။အိမ်သွင်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့ဘက်ကို ကလေး-တမူးလမ်းအတိုင်းစစ်တပ်စစ်ကြောင်း‌တွေဝင်ရောက်လာလို့ စစ်ရေးအခြေအနေသတိပြုဖို့ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

ကလေးမြို့နယ်ဘက်ကနေလာတဲ့စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာအောက်တိုဘာ လ၁၈ရက်နေ့မှာကလေး- တမူးလမ်းက တမူးမြို့နယ်ဘက်မှာနေရာယူထားတယ်လို့ သိရပါတယ်။

လက်ရှိမှာကလေး- တမူးလမ်းသွားလာခွင့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကန့်သတ်ထားပြီး ဒေသခံအချို့စစ်ဘေးရှောင်နေကြတယ်လို့သတင်းရရှိပါတယ်။ လုံခြုံရေးအခြေအနေအရ ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကိုလိုက်နာကြဖို့ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၄)က တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ခါမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ​ဒေသတွင်း ​တော်လှန်​ရေးတပ်​တွေက ၂၀၂၃ နိုဝင်ဘာ၇ရက်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ PDF ​တွေပထအဆုံးသိမ်းပိုက်ခဲ့တဲ့ဖြစ်ဖြစ်ခဲ့ပြီး ယနေ့အထိထိန်းချုပ်ထားတာပါ။

ပြီးခဲ့တဲ့သြဂုတ်လကလည်း ကလေး-တမူးအာရှလမ်းပေါ်က နန်မွန်းတားရွာမှာ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်လာပြီးတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။တိုက်ပွဲ​တွေမှာစစ်တပ်စစ်​ကြောင်း​တွေအထိနာပြီးပြန်ဆုတ်ခဲ့ပါတယ် ။

တမူးခရိုင်အတွင်းမှာ မြို့သစ်မြို့၊ ခါမ်းပါတ်မြို့နဲ့ တမူးမြို့တို့ ပါဝင်ပါတယ်။ မြို့သစ်မြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၄မေလမှာသိမ်းယူခဲ့ပါတယ်။ အခုအခါမှာတော့ စစ်ကောင်စီစစ်ကြောင်းတွေက တမူးမြို့နယ်ဘက်ကိုဦးတည်ပြီးဝင်ရောက်လာနေတာဖြစ်ပါတယ်။

PDF ​တွေက ခမ်းပါတ်မြို့ကိုသိမ်းပိုက်ပြီးတဲ့​နောက် စစ်တပ် က၂၀၂၃ ဒီဇင်ဘာလမှာပဲ စစ်တပ်စစ်​ကြောင်း​တွေ ​စေလွှတ်ပြီး ပြန်သိမ်းနိုင်ဖို့ကြိုးစားခဲ့ပါ​သေးတယ် ။ဒါ​ပေမယ့် ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့်စစ်တပ်စစ်​ကြောင်း​တွေ အထိနာပြီး ပြန်ဆုတ်​ပြေးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ