အောက်တိုဘာ-၁၈၊၂၀၂၅။အိမ်သွင်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့ဘက်ကို ကလေး-တမူးလမ်းအတိုင်းစစ်တပ်စစ်ကြောင်းတွေဝင်ရောက်လာလို့ စစ်ရေးအခြေအနေသတိပြုဖို့ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။
ကလေးမြို့နယ်ဘက်ကနေလာတဲ့စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာအောက်တိုဘာ လ၁၈ရက်နေ့မှာကလေး- တမူးလမ်းက တမူးမြို့နယ်ဘက်မှာနေရာယူထားတယ်လို့ သိရပါတယ်။
လက်ရှိမှာကလေး- တမူးလမ်းသွားလာခွင့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကန့်သတ်ထားပြီး ဒေသခံအချို့စစ်ဘေးရှောင်နေကြတယ်လို့သတင်းရရှိပါတယ်။ လုံခြုံရေးအခြေအနေအရ ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကိုလိုက်နာကြဖို့ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၄)က တိုက်တွန်းထားပါတယ်။

Public Service Announcement
ခါမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသတွင်း တော်လှန်ရေးတပ်တွေက ၂၀၂၃ နိုဝင်ဘာ၇ရက်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ PDF တွေပထအဆုံးသိမ်းပိုက်ခဲ့တဲ့ဖြစ်ဖြစ်ခဲ့ပြီး ယနေ့အထိထိန်းချုပ်ထားတာပါ။
ပြီးခဲ့တဲ့သြဂုတ်လကလည်း ကလေး-တမူးအာရှလမ်းပေါ်က နန်မွန်းတားရွာမှာ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်လာပြီးတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။တိုက်ပွဲတွေမှာစစ်တပ်စစ်ကြောင်းတွေအထိနာပြီးပြန်ဆုတ်ခဲ့ပါတယ် ။
တမူးခရိုင်အတွင်းမှာ မြို့သစ်မြို့၊ ခါမ်းပါတ်မြို့နဲ့ တမူးမြို့တို့ ပါဝင်ပါတယ်။ မြို့သစ်မြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၄မေလမှာသိမ်းယူခဲ့ပါတယ်။ အခုအခါမှာတော့ စစ်ကောင်စီစစ်ကြောင်းတွေက တမူးမြို့နယ်ဘက်ကိုဦးတည်ပြီးဝင်ရောက်လာနေတာဖြစ်ပါတယ်။
PDF တွေက ခမ်းပါတ်မြို့ကိုသိမ်းပိုက်ပြီးတဲ့နောက် စစ်တပ် က၂၀၂၃ ဒီဇင်ဘာလမှာပဲ စစ်တပ်စစ်ကြောင်းတွေ စေလွှတ်ပြီး ပြန်သိမ်းနိုင်ဖို့ကြိုးစားခဲ့ပါသေးတယ် ။ဒါပေမယ့် တော်လှန်ရေးတပ်တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့်စစ်တပ်စစ်ကြောင်းတွေ အထိနာပြီး ပြန်ဆုတ်ပြေးခဲ့ရပါတယ်။


















































