အောက်တိုဘာ-၁၉၊၂၀၂၅။People’s Spring
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က ပြည်သူတွေရဲ့လုံခြုံရေးအတွက်သံတွဲ နဲ့ ဂွမြို့နယ်အနီး ပင်လယ်ပြင်မှာ ညအချိန်ငါးဖမ်းဆီးမှုတွေကို ည ၆ နာရီမှ နံနက် ၆ နာရီအတွင်းမဖမ်းဆီးရန် ဒီကနေ့မှစပြီးတားမြစ်လိုက်ပါတယ်။

စစ်တပ်က ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့ကျောက်ဖြူ ၊စစ်တွေမြို့တွေကို စစ်အင်အားဖြည့်တင်းမှုကိုရေကြောင်းမှပိုလုပ်လာသလို၊ AAသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့အချို့ကို ပြန်လည်တိုက်ခိုက်ပြီးသိမ်းပိုက်ဖို့ ရေကြောင်းမှပြင်ဆင်တာတွေအခုရက်ပိုင်း ပိုလုပ်လာတယ်လို့ AA ကအသိပေးပါတယ်။
စစ်တပ်ရဲ့ရေကြောင်း၊လေကြောင်းကတိုက်ခိုက်မှုတွေကို AA ကအရင်လည်းသတိပေးထားပါတယ်။ ဒါပေမယ့်စစ်တပ်ကရေယာဥ်တွေက ပင်လယ်ပြင်မှာပြည်သူတွေ ကိုတွေ့ရင်ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်လေ့ရှိသလို ၊ အရင်က အချိန်အကန့်အသတ်မရှိ ငါးဖမ်းခွင့်ပြုထားတဲ့ ငါးဖမ်းရေယာဥ်တွေကို အကာအကွယ်ယူပြီး စစ်ရေးဖြည့်တင်းမှုနဲ့ လှုပ်ရှားလာနိုင်တာတွေကြောင့် သံတွဲ ၊ဂွမြို့အနီးပင်လယ်ပြင်မှာ ငါးဖမ်းတာတွေကို ည ၆ နာရီမှ မနက် ၆ နာရီအတွင်းULA/AA က အောက်တိုဘာ ၁၉ ကစပြီးတားမြစ်လိုက်ပါတယ်။

Public Service Announcement
ULA/AA က ယခုအမိန့်ကိုပြန်လည်ရုပ်သိမ်းကြောင်းမကြေညာမချင်း အဆိုပါဧရိယာတွေမှာ ညအချိန် လုံးဝငါးမဖမ်းဖို့သတိပေးထားပါတယ်။ဒါအပြင် စစ်တပ်ကပင်လည်ပြင်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၊ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်တာကြောင့် ငါးဖမ်းစက်လှေနဲ့ ပြည်သူတွေအနေနဲ့ နေခင်းပိုင်းငါးဖမ်းတာမှာလည်း ကမ်းဝေးမှာမဖမ်းကြဖို့ ၊စစ်တပ်ရေယာဥ်တွေလာနေတာမြင်ရင် ကမ်းစပ်၊ကမ်းနီးကိုအမြန်ဆုံး ဆိုက်ကပ်ကြဖို့သတိပေးထားပါ တယ်။


















































