Connect with us

Hi, what are you looking for?

သတင်း

လုံခြုံ​ရေး​ကြောင့် ULA/AA ကသံတွဲ နဲ့ ဂွမြို့နယ်အနီး ပင်လယ်ပြင်မှာ ညအချိန်ငါးဖမ်းဆီးမှု​တွေကိုတားမြစ်ပိတ်ပင်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်​တော်(ULA/AA)က ပြည်သူ​တွေရဲ့လုံခြုံ​ရေးအတွက်သံတွဲ နဲ့ ဂွမြို့နယ်အနီး ပင်လယ်ပြင်မှာ ညအချိန်ငါးဖမ်းဆီးမှု​တွေကို ည​ ၆ နာရီမှ နံနက် ၆ နာရီအတွင်းမဖမ်းဆီးရန် ဒီက​နေ့မှစပြီးတားမြစ်လိုက်ပါတယ်။

အောက်တိုဘာ-၁၉၊၂၀၂၅။People’s Spring

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်​တော်(ULA/AA)က ပြည်သူ​တွေရဲ့လုံခြုံ​ရေးအတွက်သံတွဲ နဲ့ ဂွမြို့နယ်အနီး ပင်လယ်ပြင်မှာ ညအချိန်ငါးဖမ်းဆီးမှု​တွေကို ည​ ၆ နာရီမှ နံနက် ၆ နာရီအတွင်းမဖမ်းဆီးရန် ဒီက​နေ့မှစပြီးတားမြစ်လိုက်ပါတယ်။

စစ်တပ်က ရခိုင်ပြည်နယ်မှာတိုက်ပွဲ​တွေဖြစ်ပွား​နေတဲ့​ကျောက်ဖြူ ၊စစ်​တွေမြို့​တွေကို စစ်အင်အားဖြည့်တင်းမှုကို​ရေ​ကြောင်းမှပိုလုပ်လာသလို၊ AAသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့အချို့ကို ​ပြန်လည်တိုက်ခိုက်ပြီးသိမ်းပိုက်ဖို့ ​ရေ​ကြောင်းမှပြင်ဆင်တာ​တွေအခုရက်ပိုင်း ပိုလုပ်လာတယ်လို့ AA ကအသိ​ပေးပါတယ်။

စစ်တပ်ရဲ့​ရေ​ကြောင်း၊​လေ​ကြောင်းကတိုက်ခိုက်မှု​တွေကို AA ကအရင်လည်းသတိ​ပေးထား​​ပါတယ်။ ဒါ​ပေမယ့်စစ်တပ်က​ရေယာဥ်​တွေက ပင်လယ်ပြင်မှာပြည်သူ​တွေ ကို​တွေ့ရင်ဖမ်းဆီးသတ်ဖြတ်တာ​တွေလုပ်​​လေ့ရှိသလို ၊ အရင်က အချိန်အကန့်အသတ်မရှိ ငါးဖမ်းခွင့်ပြုထားတဲ့ ငါးဖမ်း​ရေယာဥ်​တွေကို အကာအကွယ်ယူပြီး စစ်​ရေးဖြည့်တင်းမှုနဲ့ လှုပ်ရှားလာနိုင်တာတွေ​ကြောင့် သံတွဲ ၊ဂွမြို့အနီးပင်လယ်ပြင်မှာ ငါးဖမ်းတာ​တွေကို ည ၆ နာရီမှ မနက် ၆ နာရီအတွင်းULA/AA က ​အောက်တိုဘာ ၁၉ ကစပြီးတားမြစ်လိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ULA/AA က ယခုအမိန့်ကိုပြန်လည်ရုပ်သိမ်း​ကြောင်းမ​ကြေညာမချင်း အဆိုပါဧရိယာ​တွေမှာ ညအချိန် လုံးဝငါးမဖမ်းဖို့သတိ​ပေးထားပါတယ်။ဒါအပြင် စစ်တပ်ကပင်လည်ပြင်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၊ဖမ်းဆီးသတ်ဖြတ်တာ​တွေလုပ်တာ​ကြောင့် ငါးဖမ်းစက်​လှေနဲ့ ပြည်သူ​တွေအ​နေနဲ့ ​နေခင်းပိုင်းငါးဖမ်းတာမှာလည်း ကမ်း​ဝေးမှာမဖမ်းကြဖို့ ၊စစ်တပ်​ရေယာဥ်​တွေလာ​နေတာမြင်ရင် ကမ်းစပ်၊ကမ်းနီးကိုအမြန်ဆုံး ဆိုက်ကပ်ကြဖို့သတိ​ပေးထားပါ တယ်။

ဆက်စပ်သတင်းများ