Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်း-အမေရိကန် မြေရှားသတ္တု ပူးပေါင်းထုတ်လုပ်ရေးလက်မှတ်ထိုးခဲ့တဲ့အ​ပေါ် ထိုင်းနိုင်ငံရေး ပါတီတွေ မေးခွန်းထုတ်

မြေရှားသတ္တု တူးဖော်ထုတ်လုပ်ရေးကိစ္စ အမေရိကန်နဲ့ နားလည်မှု သဝဏ်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့တဲ့ ထိုင်းအစိုးရ ဆုံးဖြတ်ချက်အပေါ် နိုင်ငံရေး ပါတီနှစ်ခုက အလေးအနက် သတိပေးခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်အနုတင် နဲ့ အ​မေရီကန် သမ္မတ​ဒေါ်နယလ်ထရမ့်တို့MOUရေးထိုးစဥ်။ဓါတ်ပုံ-AP

​အောက်တိုဘာ-၂၈၊၂၀၂၅။People’s Spring

မြေရှားသတ္တု တူးဖော်ထုတ်လုပ်ရေးကိစ္စ အမေရိကန်နဲ့ နားလည်မှု သဝဏ်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့တဲ့ ထိုင်းအစိုးရ ဆုံးဖြတ်ချက်အပေါ် နိုင်ငံရေး ပါတီနှစ်ခုက အလေးအနက် သတိပေးခဲ့ပါတယ်။

ထိုင်းရဲ့ ဒီမိုကရက်ပါတီနဲ့ ပြည်သူ့ပါတီတို့ဟာ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ် ဦးဆောင်တဲ့ အစိုးရက မြေရှားသတ္တု ပူးပေါင်း ထုတ်လုပ်ရေးကိစ္စ အမေရိကန်နဲ့ MoU လက်မှတ် ရေးထိုးခဲ့တာဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ကြုံလာစေနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာအရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး(အာဆီယံ)ရဲ့ ထိပ်သီးညီလာခံ တက်ရောက်ဖို့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ဆီ ရောက်ရှိနေချိန် အတောအတွင်း အဲဒီ MoUကို လက်မှတ် ရေးထိုးဖြစ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အိမ်ဖြူတော်က ထိုင်း-အမေရိကန် ပူးတွဲ သတ္တုတူးဖော် ထုတ်လုပ်ရေး MoU လက်မှတ်ရေးထိုးမှုကို အတည်ပြုကြေညာခဲ့တဲ့အခါ ထိုင်းနိုင်ငံရေး အကဲခတ်တွေကိုယ်တိုင် အံ့ဩခဲ့ကြပါတယ်။

ဒီမိုကရက်တစ်ပါတီရဲ့ ဒုတိယအကြီးအကဲ ဝီရာပေါင် ပရာဖာက တန်စတန်လို မြေရှားသတ္တု အနွယ်ဝင်တွေဟာလျှပ်စစ်ကားတွေ၊သန့်စင်စွမ်းအင်သုံး အီလက်ထရောနစ် ကိရိယာတွေ ထုတ်လုပ်ရာမှာအထူးအရေးပါကြောင်း၊အဲဒီသတ္တုထုတ်လုပ်သန့်စင်မှု စျေးကွက်ကို တရုတ်ကကြီးစိုးထားပြီး အမေရိကန်ကလည်းအားပြိုင်ဖို့ ကြိုးစားနေကြောင်း Facebookပေါ်မှာရေးသားထားပါတယ်။

MoUမှာ ပါရှိတဲ့ အချက်အလက်တွေထဲမှာ ထိုင်းရဲ့ မြေရှားသတ္တု ရှာဖွေတူးဖော်မှု၊ ထုတ်ယူမှုတွေကို အမေရိကန်ကအကူအညီပေးမယ်လို့ ကတိပြုထားပေမယ့် ပြည်တွင်း ဥပဒေတွေနဲ့အညီ ပထမဆုံး ရင်းနှီးမြှုပ်နှံပိုင်ခွင့်တွေကို အမေရိကန်က ရရှိသင့်တယ် ဆိုတာမျိုး ပါရှိကြောင်း၊ တစ်နည်းအားဖြင့် အမေရိကန်ဟာ မြေရှားသတ္တုတွေကို လက်လှမ်းမီနိုင်ရေး ပိုမို ချဲ့ထွင် အားထုတ်လာရင်း တစ်ဖက်မှာလည်း တရုတ်ရဲ့ ချဉ်းကပ်နိုင်ခြေ လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ ကြံစည်ထားကြောင်း ဝီရာပေါင်က ထောက်ပြခဲ့ပါတယ်။

ထိုင်းရဲ့ စီးပွားရေးဟာတရုတ်အပေါ်ကို အတိုင်းအတာ တစ်ခုထိ မှီခိုထားရတဲ့အရှိတရားကို သဘောပေါက်ရင် အစိုးရဟာ တရုတ်နဲ့ ဆက်ဆံရေးကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ရေး ရှုထောင့်တွေကိုပါ စဉ်းစားဖို့ လိုတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ပြည်သူ့ပါတီရဲ့ အမတ်တစ်ဦးဖြစ်တဲ့ ဖက်တာရာပေါင်လီလာဖတ်ကလည်းမြေရှားသတ္တု ထုတ်လုပ်ရေးကိစ္စ အမေရိကန်နဲ့ MoU လက်မှတ်ရေးထိုးတာမျိုးဟာ အနုတင်ရဲ့ အစိုးရအတွက် မဖြစ်မနေ လုပ်စရာ မလိုဘူးလို့ သုံးသပ်ခဲ့ပါတယ်။ အခု MoUကို လေ့လာရင်လည်း ထိုင်းထက်စာရင် အမေရိကန်ကပဲ အကျိုးအမြတ်တွေအဓိကရရှိသွားမယ်ဆိုတာမြင်သာနေတယ်လို့သူကဝေဖန်ခဲ့ပါတယ်။

သဘောတူညီချက်တွေကို လေ့လာကြည့်တဲ့အခါ အမေရိကန်ဟာ ထိုင်းနိုင်ငံ ပိုင်နက်ထဲမှာ မြေရှားသတ္တုတွေကိုရှာဖွေနိုင်ခွင့်၊သတ္တုသိုက်တွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေကို အလျင်အမြန် ရယူပိုင်ခွင့်၊ ထုတ်လုပ်တဲ့ အဆင့်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဦးစားပေး ဆုံးဖြတ်ပိုင်ခွင့်တွေ ရရှိထားတာကို တွေ့ရကြောင်းလည်း ဖက်တာရာပေါင်က ဆိုပါတယ်။

နားလည်မှုစာချွန်လွှာလို့ ပြောပေမယ့်အဲဒီ MoU ဟာ တကယ်တမ်းကျတော့ ထိုင်းပိုင်နက်ထဲမှာ အမေရိကန်က မြေရှားသတ္တုတွေ ထုတ်လုပ် သန့်စင်နိုင်ရေး ချောချောမောမော ဖြစ်သွားအောင် လမ်းဖွင့်ပေးလိုက်တာသက်သက်နဲ့တူနေကြောင်း သူက ပြောကြားသွားပါတယ်။

အစိုးရဟာ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြားက မြေရှားသတ္တု ကစားပွဲမှာ ထိုင်းကိုနယ်ရုပ်အဖြစ် ပါဝင် အသုံးချခံလိုက်တာနဲ့ မခြားဘူးလို့လည်း ဖက်တာရာပေါင်ကဝေဖန်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲအဖြစ် မလိုလားအပ်တဲ့ သက်ရောက် ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သတိပေးသွားခဲ့ပါတယ်။

ကိုးကား- Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုယ့်အိမ်မှာပဲကိုယ် အလုပ်လုပ်နေပေမယ့် ကျားဖြန့် အထင်ခံရပြီး ရဲက လာစစ်ဆေးတာ ကြုံတွေ့ခဲ့ကြောင်း ထိုင်းနိုင်ငံသား တစ်ဦးက လူမှုကွန်ရက်ပေါ်မှာ မျှဝေထားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်နားမှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူ ၁၀၀ လောက်က နေရာကနေ ဖယ်ရှားပေးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကုမ္ပဏီနဲ့ စီးပွားရေး လုပ်ငန်းတွေ ပိတ်သိမ်းမှု ပိုမို မြင့်တက်လာနေပြီး စီးပွားရေး လုပ်ငန်းကြီး တချို့ပါ အရှုံးပေါ်လို့ ပိတ်ရတဲ့ အခြေအနေတွေ ဖြစ်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နာမည်ခံ စီးပွားရေး လုပ်ငန်းတွေ ဟန်ပြ ထူထောင်ပြီး အိမ်ခြံမြေ ဝယ်ယူထားတဲ့ နိုင်ငံခြားသား ၁၃ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။