Connect with us

Hi, what are you looking for?

သတင်း

ကောလင်းနဲ့ ဝန်းသိုကို စစ်ကောင်စီ လေကြောင်းကနေ အင်အားဖြည့်နေ

ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို စစ်ကြောင်းထိုးဖို့အတွက် ကောလင်းနဲ့ ဝန်းသိုမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အင်အားအများအပြားဖြည့်နေတယ်လို့ သတင်းရရှိပါတယ်။

ကောလင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - Kawlin Revolution

အောက်တိုဘာ-၃၀၊ ၂၀၂၅။ အိမ်သွင်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို စစ်ကြောင်းထိုးဖို့အတွက် ကောလင်းနဲ့ ဝန်းသိုမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အင်အားအများအပြားဖြည့်နေတယ်လို့ သတင်းရရှိပါတယ်။

ကောလင်းနဲ့ ဝန်းသိုမြို့က စစ်ကောင်စီစခန်းတွေဆီကို အောက်တိုဘာလဆန်းက စတင်ပြီး အင်အားဖြည့်နေတာဖြစ်ပြီး အခုရက်ပိုင်းမှာတော့ ရဟတ်ယာဉ်တွေ သိသိသာသာ အဆင်းအတက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ကဆို ဝန်သို အမြောက်တပ်ထဲကို ရဟတ်ယာဉ် ၅စီးမကဘူး ဆင်းတယ်။ လူတွေနဲ့လက်နက်ခဲယမ်းတွေချတယ်။ အင်းတော်ကို ပြန်ပြီး စစ်ကြောင်းထိုးမယ်လို့ သတင်းရတယ်”လို့ ဝန်းသိုမြို့ခံတစ်ဦးက ဒီနေ့မှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

၀န်းသိုမြို့က စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၁၁၁)၊ခမရ (၁၂၀)တပ်ရင်းတွေထဲကိုလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်မှုထမ်းသင်တန်းဆင်းတွေပို့နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

အင်းတော်မြို့ဟာ ကောလင်းမြို့နဲ့ မိုင်၄၀ခန့်ဝေးပြီး ဝန်းသိုမြို့နဲ့ ၃၅မိုင်ခန့်ဝေးပါတယ်။ အဲဒီနှစ်မြို့နယ်စလုံးမှာလည်း မြို့ပေါ်တွေကိုသာစစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာအုပ်စုတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာပါ။ မြေပြင်ကနေ အင်အားဖြည့်နိုင်ခြင်းမရှိလို့ လူနဲ့ လက်နက်ခဲယမ်းအင်အားကို လေကြောင်းကနေ ဖြည့်တင်းနေတာလို့ ကာကွယ်ရေးရဲဘော်တချို့က ပြောပါတယ်။

“အင်အားကတော့ တော်တော်ကိုဖြည့်နေတယ်။ အင်းတော်ကို ပြန်ထိုးမယ့်အခြေအနေပဲ။ စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ လူထုကိုတော့ရှင်းပြထားတယ်”လို့ အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နို၀င်ဘာ ၆ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊အမှတ်(၁)စစ်ဒေသရဲ့ကွပ်ကဲမှုနဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမယ့် စစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်ပြီး ထိန်းချုပ်ထားပါတယ်။

အင်းတော်မြို့ကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကျောင်းသားတပ်မတော်(ABSDF)နဲ့ PDF ပူးပေါင်းတပ်တွေက ဧပြီ ၇ရက်မှာသိမ်းယူခဲ့တာပါ။ မြို့သိမ်းတိုက်ပွဲမှာ တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့စစ်သုံ့ပန်းအများအပြားကိုလည်းဖမ်းမိခဲ့ပါတယ်။

အင်းတော်မြို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ‌မော်လူးမြို့၊ ဗန်းမောက်မြို့နဲ့ စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ ပင်လည်ဘူး၊ ကသာ၊ ထီးချိုင့်၊ ကောလင်းနဲ့ ဝန်းသိုမြို့တွေ ပတ်ချာလည်ဝိုင်းထားတဲ့ ရေမြေသဘာဝရှိတာပါ။ လက်ရှိမှာတော့ ဗန်းမောက်မြို့ပတ်ဝန်းကျင်နဲ့ ပင်လည်ဘူးမြို့ပတ်ဝန်းကျင်မှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ကောလင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာကူညီထောက်ပံ့တာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၆) ပြုလုပ်ပေးခဲ့ပါတယ်။

Facebook