Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းအနုပညာရှင်အားလုံး စစ်တပ်​ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ရိုက်ကူးပေးရမှာဖြစ်ပြီး ငြင်းဆန်သူများအရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

အနုပညာရှင်တွေ နိုင်ငံခြားထွက်ရင် ကြိုတင်အကြောင်းကြားရမယ်ဆိုကာပြည်ပထွက်ခွင့်ကန့်သတ်

စစ်အုပ်စုဝါဒဖြန့်ခေတ်သမိုင်းကို ဒုန်းဆိုင်းမည့်သူများဇာတ်ကားဇာတ်ဝင်ခန်းမှ ပါဝင်သရုပ်​ဆောင်​နေသူ​တွေ။ဓါတ်ပုံ-Screengrab

အောက်တိုဘာ-၃၀၊ ၂၀၂၅/People’s Spring

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်တွင်းမှာရှိတဲ့အနုပညာရှင်အားလုံး ဝါဒဖြန့်ရိုက်ကူးပေးရမှာဖြစ်ပြီး ငြင်းဆန်သူ​တွေကို အရေးယူမယ်လို့ စစ်ကောင်စီကခြိမ်းခြောက်ပြောဆိုလိုက်ကြောင်း လူထုနွေဦးရဲ့ အနုပညာသတင်းရင်းမြစ်​တွေက ပြောပါတယ်။

ဒီကနေ့(အောက်တိုဘာ ၃၀ရက်) နေ့လည် ၁နာရီမှာ စစ်ကောင်စီရဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အေးကြွယ်ဟာ ရန်ကုန်မြို့က ရုပ်ရှင်လုပ်ငန်းရုံမှာ အနုပညာရှင်တွေကို ခေါ်ယူပြီး အထက်ပါအတိုင်း ဖိအားပေးခြိမ်းခြောက်လိုက်တာလို့ အနုပညာသတင်းရင်းမြစ်က ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေ မရိုက်တော့တဲ့ နာမည်​ကျော်သရုပ်​ဆောင် များအပါအဝင် နာမည်ကြီးသရုပ်ဆောင်အနုပညာရှင်အားလုံး စစ်တပ်​ရွေး​ကောက်ပွဲအတွက် ​​ကန်းပိန်း ​တွေ ၊ ​ကြွေး​ကြော်သံ​တွေ စတဲ့ ဝါဒဖြန့်မှု​တွေမှာပါဝင်ရိုက်ကူး​ပေးရမှာဖြစ်ပြီး ငြင်းဆန်သူအားလုံးကို အထက်အမိန့်အရ အရေးယူမယ်လို့ အေးကြွယ်က ခြိမ်းခြောက်ပြောသွားတယ်လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” လုပ်ရမှာကတော့ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ စာသားမျိုး​တွေ ၊ ​ဆောင်ပုဒ်မျိုး​တွေကို တစ်ယောက်ချင်းစီ ပြောရမယ်။ ရိုက်ကူးရေးကို စကမဘက်ရိုက်ပြီး သူတို့သတင်းနဲ့ ဖျော်ဖြေ​ရေပလက်​ဖောင်းအားလုံးမှာ ထုတ်လွှင့်မယ်”လို့ သတင်းရင်းမြစ်တဦးကပြောပါတယ်။

တချို့အနုပညာရှင်တွေအနေနဲ့ ကိုယ်တိုင်ရိုက်ကူးရပေးပို့ရမှာဖြစ်ပြီး အဲဒီအစီအစဉ်ကို နိုဝင်ဘာလဆန်းမှာ စတင်မယ်လို့လည်း ဆိုပါတယ်။

“ရုပ်ရှင်၊ ဇာတ်လမ်းတို မဟုတ်ပါ။ တစ်ယောက်ချင်းဆီမှ စကမဘက်က ရွတ်ဆိုခိုင်းတဲ့စာသား​တွေ ၊​ ကိုရွတ်ဆိုတဲ့ ဗီဒီယိုရိုက်ကူးရေးဖြစ်တယ်”လို့လည်း ပြောပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေးဇာတ်ကားမှာပါဝင်သူတွေကို ပြည်သူ​တွေက လူမှု​ရေးပြစ်ဒဏ်ခတ်တာ ၊ သပိတ်​မှောက်တာ အပြင်းအထန်ပြုလုပ်​တာ​အောင်မြင်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ​အောက်တိုဘာ ၃၀ ရက်​နေ့မှာ အနုပညာရှင်အားလုံးကို​ မလာမ​နေရ အ​ရေး​ပေါ်အစည်းအ​ဝေး​ခေါ်​ပြီး ဖိအားပေး ခြိမ်း​​ခြောက်ခဲ့တာလို့ အနုပညာအသိုင်းအဝိုင်းက သတင်းရင်းမြစ်​တွေက ပြောပါတယ်။

“သူတို့ အခုခေတ်သမိုင်းကို ဒုန်ဆိုင်းမည့်သူများဆိုတဲ့ ရွေးကောက်ပွဲကမ်ပိန်းဇာတ်ကားမှာ လူထုတုန့်ပြန်မှုနဲ့ Boycott မှာ လူထုဘက်က အောင်မြင်ခဲ့တဲ့အတွက် လူထုနဲ့ပါရန်တိုက်ပေးတယ်လို့ မြင်တယ်”လို့စစ်တပ်ရဲ့ အခုဖိအား​ပေးမှုအ​ပေါ် အနုပညာ​လောကသားတဦးက ပြောပါတယ်

ဒါ့အပြင်အခြားသတင်း တရပ်မှာပြည်တွင်းက အနုပညာရှင်တွေအနေနဲ့ နိုင်ငံခြားသွားရောက်ပါက စစ်ကောင်စီဆီကြိုတင်အကြောင်းကြားရမယ်လို့လည်း စစ်ကောင်စီထောက်ခံသူ ယုန်လေးက သူရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒီကနေ့မှာ နိုင်ငံခြားသွားတဲ့ အနုပညာရှင်အဖွဲ့တစ်ဖွဲ့ကို စစ်ကောင်စီက တားဆီးလို့ လေဆိပ်ကနေ လှည့်ပြန်လာခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုပ်ဆောင်သူတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်နေတဲ့ ရန်ကုန်အခြေစိုက် မြေအောက်တော်လှန်ရေးအဖွဲ့ ငါးဖွဲ့ကလည်းခေတ်သမိုင်းကို ဒုန်ဆိုင်းမည့်သူများဆိုတဲ့ဇာတ်လမ်း ပါဝင်သူတွေကို အရေးယူသွားမယ်လို့ ​ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။