Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ စစ်ဆေးဂိတ်ကို ဖြတ်ဖို့ စောင့်ဆိုင်းနေတဲ့ ဆီဘောက်ဆာ ၄စီး မီးလောင်

ရှမ်းပြည်နယ်မြောက်ပိုင်းကို ပို့မယ့် ဆီဘောက်ဆာကား ၄ စီးဟာ စစ်ကောင်စီရဲ့စစ်ဆေးဂိတ်ကို ဖြတ်ဖို့ စောင့်ဆိုင်းနေစဉ် အမရပူရမြို့နယ်၊ တော်လှကျေးရွာမှာ အပူလွန်ကဲပြီး မီးလောင်သွားပါတယ်။

မီးလောင်နေတဲ့ ဆီဘောက်ဆာကားတွေ မီးငြှိမ်းသတ်နေစဥ်။ ဓာတ်ပုံ - မီးသတ်တပ်ဖွဲ့

အောက်တိုဘာ-၃၀၊ ၂၀၂၅။ မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းကို ပို့မယ့် ဆီဘောက်ဆာကား ၄ စီးဟာ စစ်ကောင်စီရဲ့စစ်ဆေးဂိတ်ကို ဖြတ်ဖို့ စောင့်ဆိုင်းနေစဉ် အမရပူရမြို့နယ်၊ တော်လှကျေးရွာမှာ အပူလွန်ကဲပြီး မီးလောင်သွားပါတယ်။

ဒီနေ့အောက်တိုဘာ ၃၀ရက် နေ့လယ် ၁၂နာရီခွဲခန့်မှာ မီးစလောင်တာ ဖြစ်ပါတယ်။

“တစ်စီးမှအကောင်းမရဘူး။ ပိုင်ရှင်တော့ ကုန်တာပဲ။ တစ်စီးချင်းကို သိန်းထောင်ချီတယ်။ ရှမ်းမြောက်ကို ဖြတ် လေးဖြတ်လုပ်ထားတာလေ စစ်တပ်က”လို့ ဆီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းမပေါ်က ပုသိမ်ကြီးမြို့နယ်မှာ ပါဝင်တဲ့ ၁၆မိုင်ဂိတ်ကို ဖြတ်သန်းခွင့်ရဖို့ စောင့်ဆိုင်းနေစဉ်မှာ အပူလွန်ခဲ့ပြီး မီးလောင်တာလို့ ဆိုပါတယ်။

စက်သုံးဆီတွေ အပြည့်တင်ဆောင်လာတဲ့ ဆီဘောက်ဆာကားလေးစီးလုံး မီးလောင်ဆုံးရှုံးကုန်တယ်လို့ ဆီလုပ်ငန်းရှင်ကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်တာမှာ မီးလောင်တဲ့ အကြောင်းရင်းနဲ့ ကားအရေအတွက်ကိုဖော်ပြမထားပါဘူး။ အမရပူရမြို့နယ်၊ တော်လှကျေးရွာမှာ တွဲကားတွေ မီးလောင်လို့ မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ်(၅)စီးသန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ‌နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မူဆယ်မြို့တွေကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်မြို့နယ်တွေကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်မယ့် ကုန်စည်တွေကို တရုတ်အစိုးရကလည်း နယ်စပ်ကနေ ကန့်သတ်နေသလို စစ်ကောင်စီကလည်း ရှမ်းမြောက်ဝင်ပေါက်တွေကနေ တားဆီး ပိတ်ပင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူလေဆိပ်အနီးက စစ်တပ်စစ်ဆေးရေးဂိတ်စခန်း ခေါင်းဆောင် ရဲတပ်ကြပ်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ လက်နက် ၂လက်နဲ့ ကား ၁စီး သိမ်းရတယ်လို့ မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း(၃) -Southern YSO PDF တာ၀န်ခံ ကိုအောင်မောင်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က သမိုင်းဝင် စီးတော်မြင်းဝန်ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သံဃာ ၂ ပါး ဒဏ်ရာရကာ ကျောင်းအဆောင်တွေနဲ့ ကား ၃ စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ် အာဏာသိမ်းထားတဲ့ကာလထဲမှာပဲ ၆ ကြိမ်မြောက် သီတင်းကျွတ်ကာလ ရောက်ရှိခဲ့ပါပြီ။ ဒီနှစ်မှာ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပုဂံညောင်ဦး၊ ကျိုက်ထီးရိုးနဲ့ ပင်လယ်ကမ်းခြေဒေသတွေမှာ ပြည်တွင်း ခရီးသွားတွေ များပြားခဲ့တယ်လို့ သိရပါတယ်။ အသွားအလာ များကြသလို ယာဉ်တိုက်မှုတွေလည်း ဖြစ်ပွားခဲ့ပြီး ထိခိုက်...

သတင်း

မကွေးမြသလွန်ဘုရားပွဲမှာ ဂေါပကအဖွဲ့လွှတ်တင်တဲ့ မီးပုံးပျံက ယမ်းစပြုတ်ကျပြီး နေအိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

Facebook