Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ နယ်စပ်က လက်နက်ကြီးတွေ ထိုင်းစစ်တပ် ပြန်လည် သိမ်းဆည်း

ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ ဖြန့်ကျက်ထားတဲ့ လက်နက်ကြီး စနစ်တွေကို ပြန်လည် ဖြုတ်ယူ သိမ်းဆည်းနေကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - Thai Armed Forces

ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ ဖြန့်ကျက်ထားတဲ့ လက်နက်ကြီး စနစ်တွေကို ပြန်လည် ဖြုတ်ယူ သိမ်းဆည်းနေကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လကုန်ပိုင်းမှာ နယ်စပ် အငြင်းပွားမှုကို အကြောင်းပြုပြီး ၅ ရက်လောက် စစ်ဖြစ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လမှာတော့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး အစည်းအဝေးကို တက်ရောက်ရင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေက ငြိမ်းချမ်းရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

အဲဒီစာချုပ်အရ နှစ်ဖက်စလုံးဟာ စစ်ကာလအတွင်း နယ်စပ်မှာ ဖြန့်ကျက်ခဲ့တဲ့ လက်နက်ကြီးတွေကို ဖြုတ်ယူ သိမ်းဆည်းပေးရမှာ ဖြစ်သလို နယ်စပ်မှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဖို့လည်း သဘောတူထားခဲ့ပါတယ်။

ထိုင်းသတင်းဌာန The Nationရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထိုင်းစစ်တပ်ဟာ ဆီဆာကတ်နဲ့ ဆူရင် ရှေ့တန်း စစ်မြေပြင်တွေမှာ ဖြန့်ကျက်ထားခဲ့တဲ့ SR4 အတွဲလိုက်ပစ် ဒုံးကျည်စနစ် (MLRS) လေးခုကို ပြန်လည် ဖြုတ်ယူ သိမ်းဆည်းပြီး နတ်ခွန် ရတ်ချာဆီမာမှာ ရှိနေတဲ့ ပြုပြင်ထိန်းသိမ်းရေး စစ်စခန်းဆီ ပို့ဆောင်ထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းစစ်တပ်ရဲ့ လက်နက်ကြီးတွေ ဖယ်ရှား ဖြုတ်ယူမှုကို အာဆီယံက တာဝန်ပေးထားတဲ့ အဖွဲ့တွေက စောင့်ကြည့်ပေးနေခဲ့ပါတယ်။ လက်နက်ကြီးတွေ ပြောင်းရွှေ့မှုကို နှစ်သုတ်ခွဲ လုပ်ဆောင်ခဲ့ပြီး ရည်မှန်းထားရာ နောက်တန်း စခန်းဆီ အမှားအယွင်းမရှိ ပို့ဆောင်နိုင်ခဲ့ကြောင်း The Natuonက ဆိုပါတယ်။

ကမ္ဘောဒီးယားဖက်မှာလည်း စစ်တပ်က လက်နက်ကြီးတွေကို ဖြုတ်ယူနေဆဲဖြစ်ပြီး အာဆီယံက အဲဒီလုပ်ငန်းစဉ်ကို အကဲခတ် စောင့်ကြည့်နေပါတယ်။

ထိုင်းရဲ့ လက်နက်ကြီးတွေ ဖြုတ်ယူ သိမ်းဆည်းမှုမှာတော့ ထိုင်းစစ်တပ် အရာရှိတချို့ကိုယ်တိုင် ပူးတွဲပါဝင်တဲ့ အာဆီယံ စောင့်ကြည့်ရေး အဖွဲ့က စစ်ဆေး အတည်ပြုပေးခဲ့ကြောင်း သိရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက နယ်စပ်စစ်ပွဲဟာ ဇူလိုင် ၂၄ ကနေ ၂၈ ရက်နေ့ထိ ဖြစ်ပွားခဲ့ပြီး အဲဒီနောက်မှာတော့ အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ပါတယ်။ တိုတောင်းပေမယ့် ပြင်းထန်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း နှစ်ဖက်ကြားမှာ အရပ်သားတွေ အပါအဝင် ဒါဇင်နဲ့ချီ သေဆုံးမှုတွေ ရှိခဲ့သလို လူပေါင်း ၂ သိန်းဝန်းကျင်လောက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

Facebook