Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်မှာ ကမ္ဘောဒီးယား တပ်တွေက ရန်စ ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစွပ်စွဲ

ကမ္ဘောဒီးယားဖက်က လက်နက်ငယ်တွေနဲ့ ရန်စ ပစ်ခတ်တာကို ကြုံခဲ့ရကြောင်း ထိုင်းစစ်တပ်က စွပ်စွဲပြောကြားခဲ့ပါတယ်။

စစ်​ရေး​လေ့ကျင့်​နေတဲ့ ထိုင်းစစ်သားများ ။ ဓါတ်ပုံ-Bangkok Post

နိုဝင်ဘာ-၁၀၊၂၀၂၅။People’s Spring

ကမ္ဘောဒီးယားဖက်က လက်နက်ငယ်တွေနဲ့ ရန်စ ပစ်ခတ်တာကို ကြုံခဲ့ရကြောင်း ထိုင်းစစ်တပ်က စွပ်စွဲပြောကြားခဲ့ပါတယ်။

ဇူလိုင်လကုန်ပိုင်းကနယ်စပ်ပဋိပက္ခကြောင့် ၅ ရက်ကြာစစ်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့လတုန်းကမှငြိမ်းချမ်းရေးစာချုပ်ထားတဲ့ အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ အခုအခါ တင်းမာမှုတွေ ပြန်လည် တွေ့မြင်လာရတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းလောက်တုန်းက ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက ဆူရင်းပြည်နယ်၊ ဖနွမ်ဒေါင်ရက်ခ် ခရိုင်ထဲမှာ နှစ်ဖက် ဆက်ဆံရေး ရုတ်တရက် ခက်ထန်လာခဲ့တယ်လို့ ဒေသခံ သတင်းထောက်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆီဆာကတ်ပြည်နယ်၊ ကန်သာရာလက်ခ် ခရိုင်ထဲက ချောင်တာမာရီယာဧရိယာမှာမြေမြှုပ်မိုင်းနင်းမိပြီးထိုင်းစစ်သားနှစ်ယောက်ဒဏ်ရာရသွားခဲ့ကတည်းက အခြေအနေတွေ ဆိုးရွားခဲ့ပြီး ထိုင်းက ကမ္ဘောဒီးယားနဲ့ စစ်ရပ်စဲရေး သဘောတူထားတာတွေကို ဆိုင်းငံ့မယ်လို့ ကြေညာခဲ့ပါတယ်။

ထိုင်းစစ်တပ်ထုတ်ပြန်ချက်မှာတော့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုအတွင်း စစ်သားတစ်ဦး ခြေထောက်မှာ အပြင်းအထန်ဒဏ်ရာရခဲ့ပြီးနောက်တစ်ဦးကလည်းရင်ဘတ်မှာ ထိခိုက်ခဲ့တယ်လို့ပါရှိခဲ့ပါတယ်။

အဲဒီကိစ္စရဲ့နောက်ဆက်တွဲဂယက်ကဆူရင်းပြည်နယ်ဖက်ကိုပါ ရိုက်ခတ်ခဲ့ပြီးကမ္ဘောဒီးယား စစ်သားတွေက ရန်စတဲ့အနေနဲ့ ထိုင်းဖက်ကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ထိုင်းသတင်းဌာန Khaosodက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းစစ်တပ်ဖက်ကတော့ မတုံ့ပြန်ဘဲ ချုပ်တည်းထားခဲ့တယ်လို့ ဆိုပါတယ်။

နယ်စပ်မှာ ထိုင်းစစ်တပ်ကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားကတော့ လောလောဆယ် မှတ်ချက် မပေးသေးပါဘူး။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဆီရီပေါင် အန်ကာဆက်ကူကီယတ်ကတော့ အစိုးရ အနေနဲ့ အောက်တိုဘာ လကုန်ပိုင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကမ္ဘောဒီးယားနဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေး စာချုပ်ပါ အချက်အလက်တွေကို အကောင်အထည် ဖော်မှုကနေ ယာယီ ဆိုင်းငံ့ထားမယ်လို့အတည်ပြုပြောကြားသွားပါတယ်။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook