Connect with us

Hi, what are you looking for?

သတင်း

KNU ဒူးသထူ(သထုံ)ခရိုင်ရဲ့ ဥက္ကဋ္ဌ ကို စစ်ကောင်စီ အမှုဖွင့်

ရွေးကောက်ပွဲပျက်အောင်နှောင့်ယှက်လို့ဆိုပြီး ကရင်အမျိုးသားအစည်း အရုံး (KNU) ခေါင်းဆောင်ပိုင်းတစ်ဦး ကိုအာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေ နဲ့ အမှုဖွင့်လိုက်ပါတယ်။

KNU ဒူးသထူ(သထုံ)ခရိုင်ရဲ့ ဥက္ကဋ္ဌ ပဒိုစောစိုးမြင့် ဓာတ်ပုံ - KNU

နိုဝင်ဘာ – ၁၁ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ရွေးကောက်ပွဲပျက်အောင်နှောင့်ယှက်လို့ဆိုပြီး ကရင်အမျိုးသားအစည်း အရုံး (KNU) ခေါင်းဆောင်ပိုင်းတစ်ဦး ကိုအာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေ နဲ့ အမှုဖွင့်လိုက်ပါတယ်။

နိုဝင်ဘာလ ၁၀ ရက် မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ရာ KNU ဒူးသထူ(သထုံ)ခရိုင်ရဲ့ဥက္ကဋ္ဌပဒိုစောစိုးမြင့်အပါအဝင် ၂၂ ဦးကို ရွေးကောက် ပွဲ ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၃ (ခ) နဲ့ သထုံမြို့နယ် ၊ သိမ်ဆိပ်နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဖော်ပြတာပါ။

ကျန်တဲ့ ၂၁ ဦးက မည်သူ ၊ မည်ဝါဖြစ်တယ်ဆိုတာကိုတော့ စစ်ကောင်စီက မဖော်ပြထားပါဘူး။ စစ်ကောင်စီ က အခုလို အမှုဖွင့်တာနဲ့ပတ်သက်ပြီး သဘောထားသိရဖို့ ပဒိုစောစိုးမြင့်ကို ဒီနေ့ (နိုဝင်ဘာလ ၁၁ ရက်​) မနက်ပိုင်းမှာ ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွ​ယ် မရပါဘူး။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်မယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက် က ကြေညာချက်ထုတ်ခဲ့ပါတယ်။ အဲဒီကြေညာချက်ကြောင့် တရားစွဲတာလို့ စစ်ကောင်စီက ဆိုထားပါတယ်။

စစ်ကောင်စီဟာ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူး၊ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေအပါအဝင်ထိပ်ပိုင်းခေါင်းဆောင် ၁၁ ဦးကိုလည်းရွေးကောက်ပွဲကာကွယ် ရေးဥပဒေပုဒ်မ တွေနဲ့ ကရင်ပြည်န​ယ် ၊ လှိုင်းဘွဲမြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက အမှုဖွင့်ထားပါတယ်။

ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ဖြစ်တဲ့ KNU ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံဘူးလို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း သဘောထားကြေညာချက် ထုတ်ထားပါတယ်။

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဥပဒေအရ တရားမဝင်တဲ့အပြင်ပြည်သူအားလုံး ပါဝင်နိုင်တဲ့ အခြေအနေမှာမရှိ တာကြောင့် လိုသလို အဖြေထုတ်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် လက်မခံဘဲ ဆန့်ကျင်မယ်လို့ KNU က အတိအလင်းပြောထားပါတယ်။

KNU ဒူးသထူ(သထုံ)ခရိုင်ရဲ့ ဥက္ကဋ္ဌ ပဒိုစောစိုးမြင့် ဓာတ်ပုံ – KNU

ဆက်စပ်သတင်းများ