Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

စစ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကြောင်း ထိုင်းနဲ့ ကမ္ဘောဒီးယား အပြန်အလှန်စွပ်စွဲ

ပြီးခဲ့တဲ့လကမှ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုထားပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက နယ်စပ် တင်းမာမှုတွေဟာ အခုရက်ပိုင်းအတွင်း သိသိသာသာ ပြန်လည် မြင့်တက်လာနေပါတယ်။

ဓာတ်ပုံ - AP

ပြီးခဲ့တဲ့လကမှ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုထားပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက နယ်စပ် တင်းမာမှုတွေဟာ အခုရက်ပိုင်းအတွင်း သိသိသာသာ ပြန်လည် မြင့်တက်လာနေပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ စစ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲ ဝေဖန်နေခဲ့ကြပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထိုင်းစစ်တပ်ဖက်က ရန်စ ပစ်ခတ်မှုတွေကြောင့် နယ်စပ် ကျေးရွာတစ်ခုမှာ ရွာသား ၁ ဦးသေပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းစစ်တပ်ကတော့ အဲဒီစွပ်စွဲချက်ကို အတိအလင်း ငြင်းဆိုခဲ့ပြီး ကမ္ဘောဒီးယားဟာ အဖြစ်မှန်တွေကို လိုရာဆွဲပြီး လှည့်စား ပုံဖော်နေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ကမ္ဘောဒီးယားဟာ လုပ်နေကျအတိုင်း ပြဿနာကို အရင်စရှာပြီး နောက်ဆက်တွဲ သတင်းအချက်အလက် အမှားတွေကို ဖြန့်ဝေနေတာသာ ဖြစ်တယ်လို့ ထိုင်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဝင်ထိုင် ဆူဝါရီက ပြောကြားခဲ့ပါတယ်။

တကယ်တမ်းမှာတော့ ကမ္ဘောဒီးယား စစ်သားတွေကသာ ရန်စခဲ့တာဖြစ်ပြီး ထိုင်းက တုံ့ပြန်တော့ အရပ်သားတွေကို လူသားဒိုင်းတွေအဖြစ် အသုံးချ အကာအကွယ် ယူခဲ့တယ်လို့ ဝင်ထိုင်က ဆိုပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့က ခေါ့ဆွန်ပြည်နယ်ထဲက ဘန်နောင်ယာကူနားမှာ ထိုင်းစစ်တပ်တွေ ရှိနေတဲ့ဆီ ကမ္ဘောဒီးယားက စတင် ပစ်ခတ်ခဲ့ကြောင်း၊ ဒါကြောင့် ထိုင်းစစ်သားတွေက အကာအကွယ်ယူပြီး ကျည်ဆန်လာရာဆီ တုံ့ပြန် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း၊ အဲဒီလို တုံ့ပြန်ရာမှာလည်း တစ်ဖက်က ရန်လိုမှုကို တားဆီးရုံ၊ ထိုင်းရဲ့ အချုပ်အခြာ အာဏာနဲ့ ထိုင်းစစ်သားတွေရဲ့ လုံခြုံရေးကို ကာကွယ်နိုင်ရုံလောက်သာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း ဝင်ထိုင်က ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ကမ္ဘောဒီးယား စွပ်စွဲတဲ့ ထိုင်းဖက်က အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်ပြီး စပစ်တယ်ဆိုတဲ့ အချက်အလက်က လုံးဝ မှားယွင်းကြောင်း၊ အရပ်သားတွေကြား ပုန်းအောင်းပြီးမှ ရန်စပစ်ခတ်တဲ့ ကမ္ဘောဒီးယားရဲ့ လုပ်ရပ်ကသာ ပြည်သူတွေကို လူသားဒိုင်းအဖြစ် အမြတ်ထုတ်မှု မြောက်နေကြောင်း ဝင်ထိုင်က စွပ်စွဲသွားပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲပြီး ထိုင်းစစ်သား ၂ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း နှစ်ဖက်ကြား တင်းမာမှုတွေက ပိုဆိုးလာနေပါတယ်။ အဲဒီဖြစ်စဉ်အပြီး ထိုင်းက စစ်ရပ်စဲရေး သဘောတူညီချက်ပါ လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်မှုကို ဆိုင်းငံ့ထားမယ်လို့ ကြေညာခဲ့ပြီး ကမ္ဘောဒီးယား အနေနဲ့ တရားဝင် တောင်းပန်ရမယ်လို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားကတော့ တုံ့ပြန်မှု မရှိခဲ့ပါဘူး။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ်တင်းမာမှုတွေကို အကြောင်းပြုပြီး ဇူလိုင် ၂၄ ရက်ကနေ ၂၈ ရက်နေ့ထိ စစ်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီနောက်မှာတော့ အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းမှာတော့ အမေရိကန်နဲ့ မလေးရှား အစိုးရတွေရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ နှစ်နိုင်ငံ စစ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကိုးကား: The Diplomat

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

Facebook