Connect with us

Hi, what are you looking for?

News

ဒီပဲယင်းတွင်တိုက်ပွဲများဆက်ဖြစ် စစ်​ကောင်စီတပ်ထိ့ခိုက်​သေဆုံးမှုရှိ၊​ ဒေသခံပြည်သူများ၏အိုးအိမ်များဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကာ အကြမ်းဖက်စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများရှိနေပြီး၊အာဏာသိမ်းစစ်​ကောင်စီတပ်များက ​ဒေသခံပြ​ည်သူများ၏​နေအိမ်ပစ္စည်းများကိုအကြမ်းဖက်ဖျက်ဆီး​နေကြောင်း ဒေသခံများကပြောသည်။

ဒီပဲယင်းမြို့နယ် ညောင်လှရွာနှင့်ဆည်ကြီးရွာဘက်ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် မဟာမိတ်ပူး​ပေါင်းအဖွဲ့များ နိုဝင်ဘာလ ၂၈ ရက်နံနက်မှစ၍ တိုက်ပွဲဖြစ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ တစ်ယောက်လက်ထိ(မစိုးရိမ်ရ)ခဲ့ပြီး စစ်ကောင်စီဘက်မှ ယနေ့နံနက်ထိ စုစုပေါင်း ငါးဆယ်ခန့်ထိခိုက်သေဆုံးနိုင်ကြောင်း ရွှေဘိုမိုးကြိုးမုန်တိုင်းအဖွဲ့က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – Kaung Kin

အကြမ်းဖက်စစ်ကောင်စီ တပ်များသည် ဒီပဲယင်းမြို့နယ်တစ်နယ်လုံးကို အရှေ့ဖျားမှ အနောက်ဖျားတိုင်အောင် ဝင်ရောက်စီးနင်းနေဆဲဖြစ်ပြီး ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာများအတွင်းသို့လည်း အကြိမ်ကြိမ်အခါခါ ဝင်ရောက်ဖျက်ဆီးခြင်း၊ လုယတ်ခြင်း၊ခိုးယူခြင်းများပြုလုပ်နေကြောင်း၊ တောင်သူလုပ်ငန်းများပင် မလုပ်ကိုင်နိူင်ဘဲ အခက်အခဲများကြုံတွေ့နေရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က အသိပေးသည်။

ဓာတ်ပုံ – Kaung Kin

ယနေ့(နိုဝင်ဘာလ ၂၉ ရက်နေ့)နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်လာကာ ပြည်သူများ၏တောနေတဲများကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဆိုပါတဲအိမ်များရှိ စက်ဘီး၊ ဆိုင်ကယ်၊ လယ်ထွန်စက်များအပြင် ဆန်များ၊ မြေပဲများအပါအဝင် စားနပ်ရိက္ခာများကို သွန်မှောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားကြောင်း၊ တဲတစ်တဲမှ ငွေသိန်း၅၀ကျော် ရွှေလက်ကောက်၊ရွှေဆွဲကြိုးများကိုလည်း ရှာဖွေယူဆောင်သွားကြောင်း ဒေသခံများကပြောသည်။

ဓာတ်ပုံ – Kaung Kin

ထိုအပြင်ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဆပ်ပြာကျင်းကျေးရွာရှိ တောင်သူတဲများနှင့် အသုံးအဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာများကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်များကမီးရှို့ဖျက်ဆီးခဲ့ပြီး ငွေသားသိန်းငါးဆယ်ကျော်နှင့် ရွှေထည်များအား သိမ်းယူသွားကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Kaung Kin

“တဲတွေကတော့ ဒေသခံတောင်သူတွေရဲ့တဲတွေပါ။ အရေအတွက်ကတော့မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးကပြောသည်။

(​အကြမ်းဖက်စစ်​ကောင်စီတပ်က ဒေသခံပြည်သူများ၏ ​နေအိမ်များ၊ပစ္စည်းများကိုမီးရှို့၊ဖျက်ဆီး၊လုယက်မှုများဆက်တိုက်ပြုလုပ်​နေသည်။)

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။