Connect with us

Hi, what are you looking for?

သတင်း

သာပေါင်းတိုက်ပွဲမှာ စစ်တပ် အထိနာနေ

ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ် နဲ့ လေးမျက်နှာမြို့နယ်မှာစစ်တပ်နဲ့ အာရက္ခတပ်​တော်(AA)ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး နိုဝင်ဘာလ၁၆ရက်တိုက်ပွဲမှာလည်း စစ်တပ်ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောတယ်။

အာရက္ခတပ်​တော်တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-AA Infodesk

နိုဝင်ဘာ-၁၇၊၂၀၂၅။မိထက်/People’s Spring

ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ် နဲ့ လေးမျက်နှာမြို့နယ်မှာစစ်တပ်နဲ့ အာရက္ခတပ်​တော်(AA)ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး နိုဝင်ဘာလ၁၆ရက်တိုက်ပွဲမှာလည်း စစ်တပ်ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောတယ်။

နိုဝင်ဘာလ၁၆ရက်နေ့ မနက်ပိုင်းက သာပေါင်းမြို့နယ်၊သာပေါင်းကလေးရွာ နဲ့ ပတ်ဝန်းကျင်က တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးဒဏ်ရာရသူ​တွေများခဲ့တာဖြစ်ပါတယ်။

“သတင်းထွက်မှာစိုးလို့လူမှုရေးအဖွဲ့တွေကိုမခေါ်ဘူး။သူတို့ဘာသာသူတို့သယ်သွားတာ။ဒဏ်ရာရတဲ့သူတွေကို ပုသိမ်ကိုပို့မယ်ထင်တယ်”လို့ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွေမှာအသက်ပေးနေရပြီး စိတ်ပျက်စရာကောင်းတယ်လို့ စစ်တပ်အသိုင်းအဝိုင်းက သုံးတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာပြောဆိုနေကြပါတယ်။

သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာနဲ့ လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ချင်းလယ်ကျေးရွာအနီး ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်(AA)က နိုဝင်ဘာလ၁၁ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပြီးနောက်ဆက်တွဲအခြေအနေကိုမထုတ်ပြန်သေးပါဘူး။

သာပေါင်းနဲ့လေးမျက်နှာစစ်မြေပြင်မှာတပ်မ(၆၆)လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ခမရ(၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေတယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

အော်တိုဘာလ၃ရက်နေ့ကနေနိုဝင်ဘာလ၇ရက်နေ့အတွင်းတိုက်ပွဲတွေမှာရှေ့တန်းကနေထွက်ပြေးလာလို့ဖမ်းမိထားသူ၂၀ကျော်၊လက်နက်ချအလင်းဝင်ရောက်သူ ၂၀ကျော်ရှိတယ်လို့ ဆိုပါတယ်။

People’s Spring ရဲ့ သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရ သာပေါင်းမြို့နယ်ထဲကတိုက်ပွဲတွေမှာ စစ်တပ်ကဗိုလ်မှူးအဆင့်အရာရှိတချို့ပါဝင် တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။

သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်ဟာ ရခိုင်ပြည်နယ်၊ဂွမြို့နယ်နဲ့ဆက်စပ်နေပါတယ်။သာပေါင်း

မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ဇန်နဝါရီလက တိုက်ပွဲထဲမှာလည်း သာပေါင်းမြို့မရဲစခန်းမှူးဒုရဲမှူးဝင်းနိုင်ဦး AAရဲ့ စနိုက်ဘာကျည်ထိမှန်ပြီးသေဆုံးခဲ့ဖူးပါတယ်။ သေဆုံးပြီး ၁၁လအကြာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ရက်နေ့မှာတော့ စစ်တပ်က ဒုရဲမှူးဝင်းနိုင်ဦးကို ရဲမှူးရာထူးတိုးပေးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ သေပြီးမှ ရာထူးတိုးပေးတာက ဘာမှ အရာမရောက်ဘူးလို့ ရဲတပ်ဖွဲ့ဝင်မိသားစုအသိုင်းအဝိုင်းက လူမှုကွန်ရက်မှာ ဝေဖန်မှတ်ချက်ပြုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။