Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူမှာ ဖဲဝိုင်းနဲ့ ကြက်ဝိုင်းတွေမလုပ်ဖို့ ပကဖ သတိပေး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ဖဲဝိုင်းနဲ့ ကြက်ဝိုင်းတွေ မလုပ်ကြဖို့ ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကသတိပေးလိုက်ပါတယ်။

ဒေသတစ်ခုရှိ ကြက်ဝိုင်းတစ်ဝိုင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

နိုဝင်ဘာ-၂၀၊၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ဖဲဝိုင်းနဲ့ ကြက်ဝိုင်းတွေ မလုပ်ကြဖို့ ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကသတိပေးလိုက်ပါတယ်။

ပွင့်ဖြူမြို့နယ်မှာ ကြက်တိုက်လောင်းကစားခြင်းနဲ့ ဖဲရိုက်လောင်းကစားခြင်းတွေ ပြုလုပ်နေတာကို တွေ့ရှိရတဲ့အတွက် မပြုလုပ်ကြဖို့ သတိပေးတားမြစ်လိုက်ကြောင်းပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာ၂၀ ရက်မှာထုတ်ပြန်ပါတယ်။

“မြို့နယ်အတွင်းမှာ လောင်းကစားတွေ ပတ်လုပ်နေတဲ့သူတွေရှိတယ်။ သူတို့တွေက ကျွန်တော်တို့ လှုပ်ရှားနယ်​မြေအထိပါ လောင်းကစားလုပ်တာတွေ၊ ပြောဆိုတာတွေ လုပ်နေတာတွေရှိတယ်လို့ ပြောလာတယ်။ အဲဒီအခြေအနေကြောင့်မို့လို့ ကြိုပြီးတော့ အရေးယူဖို့ ထုတ်ပြန်ထားတာ။”လို့ ပွင့်ဖြူပကဖအဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လိုက်နာခြင်းမရှိပါက အပြစ်ပေးအရေးယူသွားမယ်လို့ ပွင့်ဖြူပကဖက သတိပေးပါတယ်။

ပွင့်​ဖြူမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေကိုယ်တိုင် ခေါင်းဆောင်ပြီး လောင်းကစားဝိုင်းတွေ ဖွင့်လှစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပွင့်ဖြူမြို့နယ်အတွင်း ကြားကာလပြည်သူ့အုပ်ချုပ်ရေးများ ဖော်ဆောင်နေ တော်လှန်ရေးမပြီးဆုံးမီ ပြ​ည်သူတွေအနေနဲ့ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေး တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်နေကြောင်း ပွင့်ဖြူပကဖက အသိပေးထားပါတယ်။

ပွင့်ဖြူမြို့နယ်မှာ စစ်ရေးအရ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီတ​ပ်က လူငယ်အများအပြားကို ပေါ်တာဆွဲဖမ်းဆီးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဒေသအသီးသီးမှာ လောင်းကစားဝိုင်းတွေ အဆမတန်များပြားလာပြီး စစ်အုပ်စုဝင်တွေက လိုင်းကြေးယူကာ ပေါ်ပေါ်တင်တင်ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။