Connect with us

Hi, what are you looking for?

သတင်း

ဝေါက အဗျားရွာကို စစ်တပ်ဝင်လာပြီး ကြံ့ဖွံ့ပါတီကို မဲပေးဖို့ ဖိအားပေး

ပဲခူးတိုင်း၊ ဝေါမြို့နယ််က အဗျားကျေးရွာအုပ်စုက်ို စစ်ကောင်စီတပ် ဝင်ရောက်ပြီး ဒေသခံတွေ ကြံ့ဖွံ့ပါတီမဲပေးဖို့ ဖိအားပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Screenshot

နိုဝင်ဘာ-၂၀၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

ပဲခူးတိုင်း၊ ဝေါမြို့နယ််က အဗျားကျေးရွာအုပ်စုက်ို စစ်ကောင်စီတပ် ဝင်ရောက်ပြီး ဒေသခံတွေ ကြံ့ဖွံ့ပါတီမဲပေးဖို့ ဖိအားပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက်က စစ်တပ်ဟာ ဝေါမြို့ပေါ်ကနေ စစ်ကားနှစ်စီးနဲ့ အဗျားကျေးရွာအုပ်စုကို ဝင်ရောက်လာပြီး တစ်အိမ်တစ်ယောက်လူစုဝေးရန် ခေါ်ဆောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဲဒီနောက်ရွာသားတွေစုဝေးပြီးချိန်မှာမဲထည့်ကြဖို့နဲ့ ကြံ့ဖွံ့ပါတီကိုမဲထည့်ပေးဖို့ နာရီဝက်ကြာဖိအားပေးပြောဆိုပြီးပြန်ထွက်သွားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“အုပ်ချုပ်ရေးမှူးကနေစခေါ်တာတစ်အိမ်တစ်ယောက်မလာမနေရဆိုပြီ။စစ်တပ်ကခေါ်တာဆို တော့ကြောက်ပြီသွားရတယ်။အုပ်ချုပ်ရေးမှူး အိမ်မှာပဲ”လို့ အဗျားရွာခံတစ်ဦးက ပြောပါတယ်။

အဗျားကျေးရွာအုပ်စုဟာအဗျားအထက်စု၊အောက်စုနဲ့ အလယ်စုဆိုပြီး ကျေးရွာတွေရှိကာ နိုဝင်ဘာ ၁၈ ရက်က စစ်တပ်ဝင်ရောက်ခဲ့တဲ့ ကျေးရွာဟာ အဗျားအထက်စုလို့ သိရပါတယ်။

အဗျားကျေးရွာအုပ်စုဟာ ဝေါမြို့အနီး အရှေ့ဘက်ခြမ်းမှာရှိပြီးစစ်ကောင်စီက၎င်းတို့ လက်လှမ်းမီစိုးမိုးတဲ့ရွာတွေကို ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စည်းရုံးတာတွေ ဆက်တိုက်လုပ်နိုင်တယ်လို့ ဝေါ ပကဖ တာဝန်ရှိသူက အသိပေးပါတယ်။

“အတုအယောင်ရွေးကောက်ပွဲဖြစ်တဲ့အတွက် ​လက်မခံဘူး။ပြည်သူကို လိမ်ပြီးတော့ နိုင်ငံရေး ထွက်ပေါက်ဖြစ်အောင်လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်”လို့ ၎င်းက ပြောပါတယ်။

လာမယ့် ဒီဇင်ဘာနောက်ဆုံးပတ်မှာလုပ်မယ့် စစ်ကောင်စီရွေးကောက်ပွဲကို​တော်လှန်​ရေးအင်အားစု​ အတုအယောင် ဖြစ်တယ်လို့ ကြေညာထားပါတယ်။ကုလသမဂ္ဂ အပါအဝင် ဒီမိုက​ရေစီအား​ပေးတဲ့နိုင်ငံ​တွေက စစ်တပ်​ရွေး​ကောက်ပွဲဟာ လွတ်

လပ်မျှတတဲ့​ရွေး​ကောက်ပွဲမဖြစ်နိုင်ပဲ ၊စစ်တပ်က တရားဝင်မှုရလိုတာ​ကြောင့် ဟန်ပြလုပ်တဲ့​ရွေး​ကောက်လို့​ဝေဖန်ထားကြပါတယ်။​တော်လှန်​ရေးအား​ကောင်းတဲ့​ဒေသ​တွေမှာစစ်တပ် ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေလည်း နိုင်ငံတဝန်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအတွင်း စစ်ကောင်စီရဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကြောင့် ကိုယ်ဝန်ဆောင် မိခင်နဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၃၀နီးပါး သေဆုံးခဲ့ရတဲ့ ညောင်လေးပင်က ပူဆွေးမှုတွေ၊ မျက်ရည်တွေ မခြောက်သေးခင်မှာပဲ စစ်ကောင်စီက ပဲခူးမြို့ပေါ်မှာ နာမည်ကြီးဇာတ်အဖွဲ့ ၅ဖွဲ့နဲ့ ရွှေမော်ဓော ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

သတင်း

စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ စစ်တပ်ရဲ့ ပြည်​ထောင်စုကြံ့ခိုင်​ရေးနဲ့ ဖွံ့ဖြိုး​ရေးပါတီ( ကြံ့ဖွံ့)ပါတီရဲ့ပွဲတတ်ရောက်ဖို့ အနုပညာရှင်တွေအကုန်လုံး ရိုက်ကူးရေးတွေဖျက်ပြီး နေပြည်တော်ကိုသွားနေရတယ်လို့ အနုပညာလောကက သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆောင်းပါး

ပဲခူးတိုင်းမှာ ၂၀၂၆ နှစ်ဆန်းပိုင်းကတည်းက PDF ​​​တွေအပါအဝင် ​တော်လှန်​ရေးတပ်​တွေရဲ့ ထိုးစစ်အရှိန် မြှင့်လာခဲ့တာမှာ ဇန်နဝါရီ ၂၈ ရက်​နေ့ကလည်း ပဲခူးတိုင်းအ​ရှေ့ရှမ်းမှာ စစ်တပ်စစ်​ကြောင်း ပျက်​အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် ။