Connect with us

Hi, what are you looking for?

News

ရှားတောမြို့နယ်ရှိ ရှေ့တန်းတပ်စခန်းကို ကရင်နီပူးပေါင်းတပ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သုံးဦး ထက် မနည်းထိခိုက်

တိုက်ပွဲများတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တစ်စုံတရာ ထိခိုက်မှုမရိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ကရင်နီ(ကယား)ပြည်နယ် ရှားတောမြို့နယ်ရှိ အာဏာ သိမ်းစစ်ကောင်စီ ရှေ့တန်းတပ်စခန်းကို ကရင်နီ လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦးထိခိုက်ဒဏ်ရာရခဲ့ သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)က ထုတ်ပြန်သည်။

ရှားတောမြို့နယ် ပွန်ချောင်းအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်စခန်းများကို ကရင်နီတပ်မတော်(KA)နှင့် KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့၍ နိုဝင်ဘာ ၂၅ရက်နှင့် ၂၆ရက်တွင် တိုက်ပွဲ ငါးကြိမ်ဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။

နိုဝင်ဘာ ၂၅ရက်တွင် တိုက်ပွဲ​လေးကြိမ်ဖြစ်ပွားပြီး နိုဝင်ဘာ ၂၆ရက်တွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ခဲ့ကြောင်း၊

တိုက်ပွဲများတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တစ်စုံတရာ ထိခိုက်မှုမရိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ယခုလအတွင်း ဒီးမော့ဆိုမြို့နယ်၌လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။